သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီနိုင်ငံရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းကြိုးပမ်းမှုနှစ်ပတ်လည် အထိမ်းအမှတ်ဆင်နွှဲ


တူရကီနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဒီကနေ့ စနေနေ့မှာ ကျင်းပခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး၊ တူရကီသမ္မတ Recep Tayyip Erdogan က အာဏာသိမ်းမှုကို ထောက်ခံတဲ့သူ အစိုးရဝန်ထမ်း ၁ သိန်းထက်မနည်းကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက နောက်ထပ်လူ ၅ သောင်းလောက်ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။

တူူရကီအာဏာပိုင်တွေကတော့ ဒီကနေ့ ဇူလိုင်လ ၁၅ ရက်နေ့ကို “ဒီမိုကရေစီ နဲ့ စည်းလုံးညီညွတ်မှုနေ့” လို့ သတ်မှတ်ပြီး၊ နိုင်ငံတော်အားလပ်ရက်အဖြစ် ကြေညာခဲ့ပါတယ်။

အတိုက်အခံတွေကတော့ အာဒိုဝမ်အစိုးရဟာ အာဏာရှင်စနစ်ကို ဦးတည်နေပြီလို့ ပြောလိုက်ပြီး၊ တချိန်တည်းမှာပဲ တူရကီသမ္မတ အာဒိုဝမ်ကတော့ - အာဏာရအစိုးရကို လုံခြုံရေးအရ ခြိမ်းခြောက်လာနေတာတွေကို တားဆီးနိုင်ဖို့ နှိမ်နှင်းမှုတွေလုပ်ဖို့လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

အဲဒီအာဏာသိမ်းမှုကို ၊ အမေရိကန်ပြည်ထောင်စုမှာ ဆယ်စုနှစ် ၂ ခုကြာ သွားရောက်နေထိုင်နေတဲ့ ဘာသာရေးဆရာ Fethullah Gulen က ဦးဆောင်ခဲ့တာဖြစ်တယ်လို့ သမ္မတ အာဒိုဝမ်က ပြောကြားလိုက်ပါတယ်။ Gulen ကတော့ သူ့အနေနဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG