သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ လူထုဆန္ဒခံယူပွဲ


တူရကီ လူထုဆန္ဒခံယူပွဲ
တူရကီ လူထုဆန္ဒခံယူပွဲ

တူရကီနိုင်ငံမှာ ပါလီမန် စနစ်ကနေ သမ္မတကို လုပ်ပိုင်ခွင့် အပြည့်အဝပေးမယ့် စနစ်ဆီ ကူးပြောင်းရေး လူထုဆန္ဒခံယူပွဲ မဲပေးမှုတွေ ပြီးဆုံးသွားပါပြီ။ နိုင်ငံရဲ့ ၈၄ နှစ်တာ သမိုင်းကြောင်း အတွင်း အရေးအကြီးဆုံး မဲပေး ရွေးချယ်မှု အဖြစ် ရှုမြင်ထားတဲ့ ဆန္ဒခံယူပွဲ မဲ ရလဒ်တွေကတော့ ဒီကနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။

ပြောင်းလဲရေးကို ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေအကြား တူရကီနိုင်ငံရဲ့ အနာဂတ်ဟာ အန္တရယ်ကျရောက်နိုင်တယ်ဆိုပြီး အငြင်းပွားမှု တွေလည်း ရှိနေပါတယ်။ Istanbul မြို့အနီး Kadikoy ခရိုင်အတွင်းမှာ မဲရုံတွေ စပြီးဖွင့်လိုက်ပြီဆိုတာနဲ့ လူတွေ ကြိတ်ကြိတ်တိုး မဲပေးခဲ့ကြပါတယ်။

သမ္မတကို လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ အပ်နှင်းရေးအတွက် သမ္မတ Recep Tayip Erdogan က ဦးဆောင် စည်းရုံးခဲ့ပြီး Kadiko ခရိုင် ကတော့ သမ္မတကို အမြဲတစေ ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ဒေသဖြစ်ပါတယ်။ တိုင်းပြည်ကို လူတဦးလက်ထဲ ဝကွက် အပ်လိုက်တာမျိုး အဖြစ်မခံဘူးဆိုပြီး ဒေသခံ မဲပေးသူတွေက ပြောဆိုကန့်ကွက်ကြပါတယ်။ လက်ရှိ ပါလီမန်စနစ်မှာ အလုပ်မဖြစ်တာတွေ ရှိတယ်ဆိုရင်တောင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ သီးခြားဆီ ရှိနေတဲ့အတွက် ဒီအတိုင်းဆက်ပြီး ရှိစေချင်တယ်လို့ ကန့်ကွက်မဲပေးသူ တဦးက ပြောပါတယ်။

အပြောင်းအလဲကို ထောက်ခံသူ တချို့ကလည်း တိုင်းပြည်ရဲ့အကျိုးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုတယ်ဆိုပြီး ပြောဆိုနေကြ ပါတယ်။ သမ္မတ Erdogan ကိုယ်တိုင်ကလည်း ဒီလို ပြင်ဆင်မယ်ဆိုရင် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ တိုင်းပြည်စီးပွားရေး ကျဆင်းမှုတွေကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်မယ့် အစိုးရတခု ဖွဲ့စည်းနိုင်မယ်လို့ ပြောဆိုနေပါတယ်။ လူထုဆန္ဒခံယူပွဲမှာ မဲပေးသူ ၅၅ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပြီး တနင်္ဂနွေနေ့ ညနေပိုင်းလောက်မှာ မဲရလဒ်ကို ကြေညာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

တူရကီ လူထုဆန္ဒခံယူပွဲ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG