သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ တိုက်ခိုက်မှု တရားခံ အပြင်းအထန် ရှာဖွေဆဲ


တူရကီနိုင်ငံ Istanbul မြို့က Night Club တခုအတွင်း တနင်္ဂနွေနေ့စောစောပိုင်းက လူပေါင်း ၃၉ ယောက် ကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားကို ညဦးပိုင်းအချိန်အထိ လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေအနေနဲ့ ဒီပစ်ခတ်သူဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မဖေါ်ထုတ်နိုင်သေးပဲဖြစ်နေတယ်လို့ တူရကီ ဝန်ကြီးချုပ် Binali Yildrim ကပြောပါတယ်။

အချက်လက် အချို့တော့ စတင်ထွက်ပေါ်လာနေပါပြီ။ ဒါပေမယ့် အာဏာပိုင်တွေအနေနဲ့ ခိုင်မာတဲ့ သက်သေအထောက်ထားတွေ ရရှိဖို့ ကြိုးစားနေကြဆဲ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က တနင်္ဂနွေနေ့ ညနေပိုင်းမှာ သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။

နှစ်သစ်ကူးည အခါသမယ ဆင်နွှဲသူတွေနဲ့ ပြည့်နေတဲ့ Night Club တိုက်ခိုက်မှုကို ဘယ်လူပုဂ္ဂိုလ် အဖွဲ့အစည်းကမှလည်း သူတို့ စီစဉ် ဆောင်ရွက်တာပါလို့ ထုတ်ဖေါ်ပြောဆိုတာမျိုးလည်း မရှိသေးပါဘူး။

တချို့သတင်းတချို့မှာ သေနတ်သမားဟာ Santa Claus ခရစ္စမတ် ဖိုးဖိုးကြီး ဝတ်ဆင်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်ထားတယ်လို့ ဖေါ်ပြနေကြပေမယ့် ဝန်ကြီးချုပ်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

အခုဖြစ်ပွားခဲ့တဲ့ Night Club ပစ်ခတ်မှုကို သေနတ်သမားတဦးတည်းက ပြုလုပ်သွားခဲ့တာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Suleman Soylu နဲ့ Istanbul မြို့ အုပ်ချုပ်ရေးမှုး Vasip Sahin တို့က ပြောဆိုကြပါတယ်။

ဖေါ်ထုတ်နိုင်ခဲ့ပြီးသမျှထဲမှာတော့ သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား ၁၅ ယောက်၊ တူရကီလူမျိုး ၅ ယောက်နဲ့ ရဲအရာရှိ တယောက် ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ကျန်သေဆုံးသူ ၁၈ ဦးကိုတော့ ရှာဖွေဖေါ်ထုတ်ဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူ ၆၉ ယောက်ကို ဆေးရုံမှာ ဆေးကုသမှုပေးနေပြီး အဲဒီအထဲက လေးယောက်ဟာ စိုးရိမ်ရတဲ့ အခြေနေမှာ ရှိတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ငြိမ်းချမ်းရေး အမြန်ရအောင် ဝိုင်းကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG