သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Istanbul နိုက်ကလပ် ဝင်စီးခံနေရ


New Year ည တူရကီနိုင်ငံ အစ္စတန်ဘူးမြို့တော်က တိုက်ခိုက်မှု မြင်ကွင်း (NTV ရုပ်သံ)
New Year ည တူရကီနိုင်ငံ အစ္စတန်ဘူးမြို့တော်က တိုက်ခိုက်မှု မြင်ကွင်း (NTV ရုပ်သံ)

တူရကီနိုင်ငံ Istanbul မြို့တော် နိုက်ကလပ်တခုကို တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ လက်နက်ကိုင် တိုက်ခိုက်မှုတရပ် ဖြစ်ပွားခဲ့ပြီး ရဲတွေက ဝိုင်းထားပါတယ်။ သေဆုံးသူ ၃၅ ဦးရှိပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြနေပါတယ်။ တိုက်ခိုက်သူ နှစ်ဦးအနက်တဦးဟာ Istanbul မြို့ Besiktas ရပ်ကွက်မှာရှိတဲ့ အဲဒီ နိုက်ကလပ်ကို စီးနင်းထားဆဲဖြစ်တယ်လို့ တူရကီ NTV ရုပ်မြင်သံကြားသတင်းက ဖေါ်ပြပါတယ်။

ဒီအခြေအနေကို ထိန်းချုပ်နိုင်အောင် ဆောင်ရွက်ဖို့ အထူးရဲတပ်ဖွဲ့က ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ သေနပ်သမား နှစ်ဦးအနက်တဦးဟာ Santa Claus လိုဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးယာဉ်တွေ ရဲကားတွေ အခင်းဖြစ်ပွားတဲ့နေရာကို အပူတပြင်းသွားရောက် နေပြီး ထိခိုက်ဒဏ်ရာရသူတွေကို လူနာတင်ယာဉ်တွေပေါ် တင်ဆောင်နေတဲ့ပုံတွေ လူမှုမီဒီယာမှာ ဖေါ်ပြထားတဲ့ ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။

Istanbul နိုက်ကလပ် ဝင်စီးခံနေရ
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG