သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ဝန်ထမ်း လေးထောင်ခန့် တူရကီ ထပ်မံဖယ်ရှား


တူရကီသမ္မတ Recep Tayyi Erdogan
တူရကီသမ္မတ Recep Tayyi Erdogan

တူရကီအစိုးရက အရပ်ဖက်နဲ့ စစ်ဖက် ဝန်ထမ်းတွေ၊ ရဲနဲ့ လုံခြုံရေး တာဝန်ရှိသူတွေ အားလုံး စုစုပေါင်း လေးထောင်နီးပါးကို အလုပ်ထုတ်ပစ် လိုက်ပါတယ်။ မနှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ ဆက်စပ် နေသူတွေကို အလုပ်ဖြုတ်ပစ်တဲ့ ပုံမျိုး တွေ့နေရပါတယ်။

စနေနေ့က ကြေညာလိုက်တဲ့ အစိုးရပြန်တမ်း အရ အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်း ၁၁၂၇ ဦးထဲမှာ တရားရေး ဝန်ကြီးဌာနက ထောင်ဝန်ထမ်း တွေနဲ့ ကျွမ်းကျင် ပညာရှင်တွေအပြင် ဘာသာရေး ဆိုင်ရာ ဝန်ကြီးဌာန ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

ဒါဟာ မနှစ်က ဇူလိုင်လ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွါးခဲ့ချိန်က စပြီး တချိန်ထဲ အများဆုံး အလုပ်ထုတ်ပစ်တဲ့ အနေထားပါ။

အဲဒီအချိန်ကစပြီး အလုပ်က ယာယီ အရပ်စဲခံရတဲ့ အရပ်ဖက် ဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်း စုစုပေါင်းက တသိန်း နှစ်သောင်းလောက် ရှိပါတယ်။ အဖမ်းခံရသူကတော့ လေးသောင်းကျော်ပါတယ်။

တူရကီ အစိုးရက စနေနေ့မှာပဲ မတွေ့ဘူးသေးသူတွေ တွေ့ဆုံဖို့ စီစဉ်ပေးတဲ့ TV dating အစီအစဉ် တွေကို ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သလို ကွန်ပြူတာ အွန်လိုင်းမှာ စူးစမ်း ရှာဖွေလို့ ရတဲ့ Wikipedia ဝက်ဘ်ဆိုက်ကိုလည်း ကြည့်ခွင့် ပိတ်လိုက်ပါတယ်။ တူရကီဟာ အကြမ်းဖက် အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် နေကြောင်း Wikipedia က ပြောတယ်လို့ တူရကီအစိုးရက ဆိုပါတယ်။

ပြည်သူ့ဝန်ထမ်း လေးထောင်ခန့် တူရကီ ထပ်မံဖယ်ရှား
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG