သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီလူထုဆန္ဒခံယူပွဲ၊ သမ္မတအာဏာပိုခိုင်မြဲရေးအသာစီးရ


တူရကီသမ္မတ Recep Tayyip Erdogan ကို လုပ်ပိုင်ခွင့် အာဏာသစ်တွေ တိုးမြှင့်ပေးနိုင်ဖို့အတွက် ပြုလုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲမှာ လက်ရှိအာဏာရပါတီက အနိုင်ရတယ်လို့ တူရကီတာဝန်ရှိသူတွေက တနင်္ဂနွေနေ့ နှောင်းပိုင်းက ကြေညာပါတယ်။

မဲတွေရဲ့ ၉၉ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ အာဏာရပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်ကို ထောက်ခံမဲ ၅၁ မဲရှိပြီး ကန့်ကွက်မဲကတော့ ၄၉မဲ ရှိတဲ့အကြောင်း တူရကီအစိုးရ အရာရှိတွေက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ တူရကီ ရွေးကောက်ပွဲ ဘုတ်အဖွဲ့ အကြီးအကဲကလည်း ဒီမဲရလဒ်တွေ မှန်ကန်ကြောင်းကို နောက်ပိုင်းမှာ အတည်ပြု ပြောဆိုခဲ့ပြီး လာမယ့် ၁၂ ရက်အတွင်း တရားဝင် မဲရလဒ်တွေ ကြေညာပေးမယ့်အကြောင်း ပြောပါတယ်။

လူထုဆန္ဒခံယူပွဲရဲ့ ရလဒ်ဟာ တူရကီမှာ ဆယ်စုနှစ်တွေနဲ့ချီ ရှိလာခဲ့တဲ့ စစ်တပ်က အစိုးရထဲမှာ ကြားဝင်စွက်ဖက် ခြယ်လှယ်တာတွေကိုလည်း အဆုံးသတ်နိုင်လိုက်တာ ဖြစ်တယ်လို့ သမ္မတ အာဒိုဝမ်က ပြောပါတယ်။ တူရကီသမိုင်းမှာ ပထမဆုံးအကြိမ် အရပ်သားနိုင်ငံရေး အုပ်ချုပ်မှုစနစ်ကို ပြောင်းလဲလိုက်နိုင်တာ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။ အခု မဲရလဒ်အရ တူရကီလွှတ်တော်ကို ရပ်ဆိုင်းပြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖျက်သိမ်းပစ်မှာပါ။

ဝန်ကြီးတွေကို သမ္မတက တိုက်ရိုက် ရွေးချယ်ခန့်အပ်ပြီး သမ္မတကို တာဝန်ခံရမှာဖြစ်ပါတယ်။ နိုင်ငံတော် ဘတ်ဂျက်အသုံးစရိတ်ကိုလည်း သမ္မတကပဲ ချမှတ် ကိုင်တွယ်သွားမှာပါ။

တူရကီလူထုဆန္ဒခံယူပွဲ၊ သမ္မတအာဏာပိုခိုင်မြဲရေးအသာစီးရ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG