သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာတာမှာရှိတဲ့ တပ်ဖွဲ့တွေ ပြန်ခေါ်ဖို့ တူရကီသမ္မတ ငြင်းဆို


တူရကီသမ္မတ Recep Tayyip Erdogan
တူရကီသမ္မတ Recep Tayyip Erdogan

Qatar မှာ ရှိနေတဲ့ တူရကီတပ်တွေကို ဖယ်ရှားပေးဖို့ အာရပ်နိုင်ငံကြီးတွေက တောင်းဆိုနေမှုကို တူရကီသမ္မတ Recep Tayyip Erdogan က တနင်္ဂနွေနေ့မှာ ပယ်ချလိုက်ပါတယ်။

အခုလို တူရကီတပ်တွေကို ပြန်ခေါ်ဖို့ တောင်းဆိုမှုဟာ သူ့နိုင်ငံကို မလေးမစား လုပ်ရာရောက်နေတယ်လို့ Istanbul က အစ်နေ့ ဆုတောင်းပွဲအပြီးမှာ သမ္မတက ပြောကြားလိုက်တာပါ။ သူ့နိုင်ငံအနေနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ ဘယ်သူ့ခွင့်ပြုချက်မှ တောင်းခံနေမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

Qatar နိုင်ငံဟာ အကြမ်းဖက်ဝါဒကို ထောက်ခံပံ့ပိုးနေတယ်လို့ စွပ်စွဲပြီး အာရပ်နိုင်ငံအများအပြားက ဒီလအစောပိုင်းမှာ Qatar ကို ဝိုင်းကြဉ်ပြီး အရေးယူ ဒဏ်ခတ်မှု အတော်များများ ချမှတ်ခဲ့တာပါ။ အဲဒီချိန်ကစပြီး ထောက်ခံ ပံ့ပိုးမှုတွေ ပေးခဲ့တဲ့ တူရကီက Qatar ကို ဆက်လက် ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်းလည်း တူရကီသမ္မတက ပြောပါတယ်။

လေကြောင်းလမ်း၊ ကုန်းလမ်းနဲ့ ရေလမ်းကြောင်းတွေကို အိမ်နီးချင်းနိုင်ငံတွေက ပိတ်ထားခဲ့တဲ့ နောက်မှာ တူရကီက Qatar ကို ကုန်တင်လေယာဉ်တွေနဲ့ စားနပ်ရိက္ခာတွေ၊ လိုအပ်တဲ့ပစ္စည်းတွေကို တင်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က တနင်္ဂနွေနေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး အာရပ်နိုင်ငံ အများအပြားရဲ့ တောင်းဆိုချက်ကို Qatar က ဖြည့်ဆည်းဖို့ မလွယ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အီဂျစ်နဲ့ UAE အာရပ်စော်ဘွားများ နိုင်ငံအပါအဝင် အာရပ်နိုင်ငံတွေ အနေနဲ့ ကြောင်းကျိုး ဆီလျှော်ပြီး အလုပ်ဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေကိုပဲ တောင်းဆိုမယ်လို့ သူမျှော်လင့်ထားကြောင်းနဲ့ သူတို့အနေနဲ့ Qatar အတူ ယှဉ်တွဲပြီး ဆွေးနွေး ညှိနှိုင်းကြဖို့ ပါ တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG