သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီယားမြောက်ပိုင်း ကာဒ်တွေကို တူရကီစစ်ဆင်ရေးစတင်


ဆီးရီးယားနိုင်ငံတွင်းက ကာဒ်တပ်ဖွဲ့တွေအပေါ် စစ်ဆင်ရေးတွေ စတင်လိုက်ပြီဖြစ်ကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ကြေညာလိုက်ပါတယ်။

တူရကီသမ္မတကတော့ ငြိမ်းချမ်းရေးနွေဦးလို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး စတင်လိုက်တဲ့အကြောင်း Twitter လူမှုကွန်ရက်ကနေ ဒီကနေ့ပဲ ကြေညာလိုက်တာပါ။ တူရကီနိုင်ငံအပေါ် ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်ဝါဒကို ချေမှုန်းဖို့ ရည်ရွယ်ထားတဲ့ စစ်ဆင်ရေး ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ကာဒ်တပ်ဖွဲ့တွေ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ကတော့ တူရကီတိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုတွေဟာ အရပ်သားတွေကို ထိမှန်နေပြီး၊ ထိတ်လန့်ခြောက်ခြားနေကြကြောင်း ပြောဆိုခဲ့တာပါ။

အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ပြီး တူရကီနိုင်ငံက ထိုးစစ်ဆင်ဖို့ အချိန်ယူ ပြင်ဆင်ထားတဲ့ ကာဒ်တပ်ဖွဲ့တွေကိုတော့ IS အစွန်းရောက်တွေကို ချေမှုန်းရာမှာ အဓိကမဟာမိတ်အဖြစ် အနောက်နိုင်ငံတွေက လက်ခံထားကြပါတယ်။ အမေရိကန် တပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းတော့မယ့်အကြောင်း အိမ်ဖြူတော်က ရုတ်တရက် ကြေညာလိုက်ပြီးနောက်မှာပဲ ဒီကနေ့ တူရကီနိုင်ငံက စစ်ဆင်ရေးတွေ စတင်လိုက်တာပါ။

တပ်တွေပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပေမဲ့လည်း သမ္မတ Trump ကတော့ အသုံးမကျတဲ့ စစ်ပွဲကို ရပ်ဖို့လိုကြောင်း ကာကွယ်ပြောဆိုခဲ့တာပါ။

အုပ်စုပေါင်းစုံကြား နှစ်ပေါင်းရာချီ တိုက်ခိုက်နေကြပြီး၊ အမေရိကန် အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ ဘယ်တုန်းကမှ မရှိသင့်ကြောင်းနဲ့ တပ်ဖွဲ့ဝင် ၅၀ ကို ပြန်ရုပ်သိမ်းမှာဖြစ်ကြောင်း ဒီကနေ့ပဲ Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။ တပ်တွေရုပ်သိမ်းမယ့် ဆုံးဖြတ်ချက် အပေါ်မှာတော့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ သာမက သမ္မတရဲ့ ရီပတ်ဘလစ်ကန် ပါတီက လွှတ်တော်အမတ်တွေပါ အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

......................

{Unicode}







တိုက်ရိုက် လင့်ခ်
XS
SM
MD
LG