သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တူရကီ လမ္းေၾကာင္းေ႐ြးမွားေနၿပီလို႔ ကန္ကာကြယ္ေရးဝန္ႀကီးေဝဖန္


[Zawgyi/Unicode]

ဆီးရီးယားႏုိင္ငံ အေရွ႕ေျမာက္ေဒသက ကာ့ဒ္တပ္ဖဲြ႔ေတြအေပၚ တူရကီက ထုိးစစ္ဆင္တာဟာ လုပ္ပုိင္ခြင့္မရွိတဲ့ လုပ္ရပ္အျဖစ္ အေမရိကန္ ကာကြယ္ေရး၀န္ႀကီး Mark Esper ကေျပာဆုိလုိက္ပါတယ္။

နယ္စပ္ေဒသမွာ လုံၿခံဳေရးအတြက္ ႐ုရွားနဲ႔ ပူးတဲြကင္းလွည့္ဖုိ႔ သေဘာတူခဲ့တဲ့ တူရကီဟာ လမ္းမွားကုိ ဦးတည္ေနၿပီလုိ႔လည္း ေျပာဆုိခဲ့တာပါ။ တူရကီဟာ အေမရိကန္ကုိ ဆုိးဆုိးရြားရြား အေျခအေနနဲ႔ ရင္ဆုိင္ရေအာင္ လုပ္ခဲ့တယ္လုိ႔လည္း ေျမာက္အတၱလန္တိတ္ စာခ်ဳပ္အဖဲြ႔ (NATO) အစည္းအေ၀းပဲြေတြ တက္ဖုိ႔ ဘယ္လ္ဂ်ီယံႏုိင္ငံ ဘရပ္ဆဲလ္ၿမိဳ႕ကုိ ေရာက္လာတဲ့ ၀န္ႀကီး Esper ကေျပာဆုိခဲ့ပါတယ္။

အေမရိကန္ တပ္ဖဲြ႔ေတြ ဆီးရီးယားကေန ျပန္႐ုပ္သိမ္းဖုိ႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ တူရကီက ထုိးစစ္ေတြ စခဲ့တာပါ။ တူရကီရဲ႕ စစ္ဆင္ေရးေတြ ရပ္ဆုိင္းဖုိ႔လည္း အေမရိကန္က ၾကား၀င္ေစ့စပ္ ေပးခဲ့ရပါတယ္။

သမၼတ Donald Trump ကေတာ့ အပစ္အခတ္ရပ္စဲ ထားရာကေန အၿပီးတိုင္ ရပ္ဆုိင္းလုိက္ၿပီျဖစ္ေၾကာင္း တူရကီက အာမခံေျပာၾကားခဲ့ေၾကာင္းနဲ႔ အျပန္အလွန္ အေနနဲ႔ တူရကီအေပၚ အေမရိကန္ရဲ႕ ဒဏ္ခတ္အေရးယူမႈေတြကုိ ႐ုပ္သိမ္းလုိက္ေၾကာင္း မေန႔တုန္းကပဲ ေၾကညာခဲ့တာပါ။

ေဒသတြင္း ၿငိမ္းခ်မ္းေရးအတြက္ တျခားလူေတြ တာ၀န္ယူၾကလိမ့္မယ္လုိ႔လည္း ေျပာပါတယ္။

IS အစၥလာမ္ စစ္ေသြးၾကြေတြကုိ အေမရိကန္က ႏွိမ္နင္းရာမွာ အဓိကမဟာမိတ္ျဖစ္တဲ့ ကာဒ္တပ္ဖဲြ႔ေတြနဲ႔ ေျမာက္အတၱလန္တိတ္စာခ်ဳပ္ (NATO) အဖဲြ႔၀င္ မဟာမိတ္ တူရကီႏုိင္ငံတုိ႔ၾကား ဆီးရီးယားႏုိင္ငံတြင္းမွာ တုိက္ခုိက္ေနတာေတြ အဆုံးသတ္ႏုိ္င္ေအာင္ အေမရိကန္က ေအာင္ေအာင္ျမင္ျမင္ ေဆာင္ရြက္ေပးႏုိင္ခဲ့ေၾကာင္းလည္း သမၼတက ေျပာဆုိခဲ့တာပါ။

တူရကီအစိုးရက အၾကမ္းဖက္ သမားေတြအျဖစ္ သတ္မွတ္ထားတဲ့ ကာဒ္တပ္ဖဲြ႔ေတြ တူရကီနဲ႔ ဆီးရီးယားနယ္စပ္ေဒသကေန ရွင္းလင္းဖုိ႔ ရည္ရြယ္ၿပီး ထုိးစစ္ဆင္ခဲ့တဲ့ တူရကီႏုိင္ငံက စစ္ဆင္ေရးေတြ အဆုံးသတ္ၿပီျဖစ္ေၾကာင္း အေမရိကန္ကုိ အသိေပးခဲ့ၿပီး နာရီပုိင္း အၾကာမွာပဲ သမၼတ Trump ရဲ႕ ေၾကညာခ်က္ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

[Unicode Version]

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ဒေသက ကာ့ဒ်တပ်ဖွဲ့တွေအပေါ် တူရကီက ထိုးစစ်ဆင်တာဟာ လုပ်ပိုင်ခွင့်မရှိတဲ့ လုပ်ရပ်အဖြစ် အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper ကပြောဆိုလိုက်ပါတယ်။

နယ်စပ်ဒေသမှာ လုံခြုံရေးအတွက် ရုရှားနဲ့ ပူးတွဲကင်းလှည့်ဖို့ သဘောတူခဲ့တဲ့ တူရကီဟာ လမ်းမှားကို ဦးတည်နေပြီလို့လည်း ပြောဆိုခဲ့တာပါ။ တူရကီဟာ အမေရိကန်ကို ဆိုးဆိုးရွားရွား အခြေအနေနဲ့ ရင်ဆိုင်ရအောင် လုပ်ခဲ့တယ်လို့လည်း မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) အစည်းအဝေးပွဲတွေ တက်ဖို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်လာတဲ့ ဝန်ကြီး Esper ကပြောဆိုခဲ့ပါတယ်။

အမေရိကန် တပ်ဖွဲ့တွေ ဆီးရီးယားကနေ ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ တူရကီက ထိုးစစ်တွေ စခဲ့တာပါ။ တူရကီရဲ့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့လည်း အမေရိကန်က ကြားဝင်စေ့စပ် ပေးခဲ့ရပါတယ်။

သမ္မတ Donald Trump ကတော့ အပစ်အခတ်ရပ်စဲ ထားရာကနေ အပြီးတိုင် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တူရကီက အာမခံပြောကြားခဲ့ကြောင်းနဲ့ အပြန်အလှန် အနေနဲ့ တူရကီအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ကြောင်း မနေ့တုန်းကပဲ ကြေညာခဲ့တာပါ။

ဒေသတွင်း ငြိမ်းချမ်းရေးအတွက် တခြားလူတွေ တာဝန်ယူကြလိမ့်မယ်လို့လည်း ပြောပါတယ်။

IS အစ္စလာမ် စစ်သွေးကြွတွေကို အမေရိကန်က နှိမ်နင်းရာမှာ အဓိကမဟာမိတ်ဖြစ်တဲ့ ကာဒ်တပ်ဖွဲ့တွေနဲ့ မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ဝင် မဟာမိတ် တူရကီနိုင်ငံတို့ကြား ဆီးရီးယားနိုင်ငံတွင်းမှာ တိုက်ခိုက်နေတာတွေ အဆုံးသတ်နိုင်အောင် အမေရိကန်က အောင်အောင်မြင်မြင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း သမ္မတက ပြောဆိုခဲ့တာပါ။

တူရကီအစိုးရက အကြမ်းဖက် သမားတွေအဖြစ် သတ်မှတ်ထားတဲ့ ကာဒ်တပ်ဖွဲ့တွေ တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသကနေ ရှင်းလင်းဖို့ ရည်ရွယ်ပြီး ထိုးစစ်ဆင်ခဲ့တဲ့ တူရကီနိုင်ငံက စစ်ဆင်ရေးတွေ အဆုံးသတ်ပြီဖြစ်ကြောင်း အမေရိကန်ကို အသိပေးခဲ့ပြီး နာရီပိုင်း အကြာမှာပဲ သမ္မတ Trump ရဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG