သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကာဒ္တပ္ဖြဲ႕ အေၾကာင္း တူရကီသမၼတတင္ျပမႈ ကန္အမတ္ေတြပယ္ခ်


ရီပတ္ဘလစ္ကင္ အမတ္ေတြျဖစ္တဲ့ Rick Scott နဲ႔ Lindsey Graham

(Zawgyi/Unicode)

အေမရိကန္နဲ႔အတူ အိုင္အက္စ္စစ္ေသြးၾကြေတြကို လက္တြဲတိုက္ခိုက္ခဲ့တဲ့ Kurds တပ္ေတြကို အၾကမ္းဖက္သမားေတြ အျဖစ္ အေမရိကန္သမၼတ Donald Trump နဲ႔ သမၼတအိမ္ျဖဴေတာ္မွာ ေတြ႔ဆံုခ်ိန္မွာ တူရကီသမၼတ Recep Tayyip Erdogan က ပံုေဖၚဖို႔ႀကိဳးစား ခဲ့တာအတြက္ ရီပတ္ဘလစ္ကင္ အထက္လႊတ္ေတာ္အမတ္တစုက လက္မခံပဲ ပယ္ခ်ခဲ့ပါတယ္။ သူတို႔ဟာ တူရကီသမၼတ Erdogan အေပၚ သမၼတ Trump ထက္ သေဘာထား ပိုတင္းမာၾကသူေတြပါ။

ဗုဒၶဟူးေန႔ ေတြ႔ဆံုပြဲကို တက္ေရာက္လာတဲ့ ရီပတ္ဘလစ္ကင္ အမတ္ေတြကို တူရကီသမၼတ Erdogan က ဝါဒျဖန္႔ဗီဒီယို ဖြင့္ျပခဲ့တဲ့အတြက္ Lindsey Graham အပါအဝင္ တျခား ရီပတ္ဘလစ္ကင္အမတ္ေတြက အျပစ္တင္ေျပာဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

Kurds ေတြအေပၚ တူရကီတပ္ေတြရဲ့ လုပ္ေဆာင္မႈကို ေဖၚျပတဲ့ ဗီဒီယို္ေခြ- Kurds ေတြကို သူဖြင့္ျပဖို႔ လုပ္ေစခ်င္သလားလို႔ တူရကီသမၼတကို သူေမးခြန္းထုတ္ခဲ့တယ္လို႔လည္း Graham က ၾကာသပေတးေန႔မွာ ေျပာပါတယ္။

ဒါ့အျပင္ Erdogan ဟာ ရုရွားဆီက ေဝဟင္ပစ္ ဒံုးခြင္းဒံုးစံနစ္ အသစ္ ဝယ္ယူဖုိ႔ လုပ္ၿပီး တူရကီအေပၚ အေမရိကန္က စီးပြားေရးဒဏ္ခတ္ အေရးယူလာေအာင္ လုပ္ခ်င္သလားလို႔ ေမးခဲ့ၾကတယ္လို႔လည္း ေဆြးေႏြးပြဲကို တက္ေရာက္လာတဲ့ အေမရိကန္လႊတ္ေတာ္အမတ္ေတြက ေျပာပါတယ္။

သမၼတ ၂ ဦးရဲ႕ ေတြ႔ဆံုပဲြဟာ သမၼတ Trump လူထုကို အသိေပး ေျပာၾကားခဲ့သလို မဟုတ္ပဲ ပိုၿပီး ျပင္းျပင္းထန္ထန္ ရွိခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


..............

ကာဒ်တပ်ဖွဲ့ အကြောင်း တူရကီသမ္မတတင်ပြမှု ကန်အမတ်တွေပယ်ချ

(Unicode)

အမေရိကန်နဲ့အတူ အိုင်အက်စ်စစ်သွေးကြွတွေကို လက်တွဲတိုက်ခိုက်ခဲ့တဲ့ Kurds တပ်တွေကို အကြမ်းဖက်သမားတွေ အဖြစ် အမေရိကန်သမ္မတ Donald Trump နဲ့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံချိန်မှာ တူရကီသမ္မတ Recep Tayyip Erdogan က ပုံဖေါ်ဖို့ကြိုးစား ခဲ့တာအတွက် ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ်တစုက လက်မခံပဲ ပယ်ချခဲ့ပါတယ်။ သူတို့ဟာ တူရကီသမ္မတ Erdogan အပေါ် သမ္မတ Trump ထက် သဘောထား ပိုတင်းမာကြသူတွေပါ။

ဗုဒ္ဓဟူးနေ့ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ရီပတ်ဘလစ်ကင် အမတ်တွေကို တူရကီသမ္မတ Erdogan က ဝါဒဖြန့်ဗီဒီယို ဖွင့်ပြခဲ့တဲ့အတွက် Lindsey Graham အပါအဝင် တခြား ရီပတ်ဘလစ်ကင်အမတ်တွေက အပြစ်တင်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Kurds တွေအပေါ် တူရကီတပ်တွေရဲ့ လုပ်ဆောင်မှုကို ဖေါ်ပြတဲ့ ဗီဒီယိုခွေ- Kurds တွေကို သူဖွင့်ပြဖို့ လုပ်စေချင်သလားလို့ တူရကီသမ္မတကို သူမေးခွန်းထုတ်ခဲ့တယ်လို့လည်း Graham က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒါ့အပြင် Erdogan ဟာ ရုရှားဆီက ဝေဟင်ပစ် ဒုံးခွင်းဒုံးစံနစ် အသစ် ဝယ်ယူဖို့ လုပ်ပြီး တူရကီအပေါ် အမေရိကန်က စီးပွားရေးဒဏ်ခတ် အရေးယူလာအောင် လုပ်ချင်သလားလို့ မေးခဲ့ကြတယ်လို့လည်း ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အမေရိကန်လွှတ်တော်အမတ်တွေက ပြောပါတယ်။

သမ္မတ ၂ ဦးရဲ့ တွေ့ဆုံပွဲဟာ သမ္မတ Trump လူထုကို အသိပေး ပြောကြားခဲ့သလို မဟုတ်ပဲ ပိုပြီး ပြင်းပြင်းထန်ထန် ရှိခဲ့တာပါ။

XS
SM
MD
LG