သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုရွားနဲ႔ ဆက္ဆံေရးတိုးျမႇင့္မည္ဟု တူရကီ ကန္ကို သတိေပး


တူရကီသမၼတ Recep Tayyip Erdogan

(Zawgyi/Unicode)

တူရကီႏုိင္ငံကုိ အေမရိကန္က အဆင့္ျမင့္ ဂ်က္တုိက္ေလယာဥ္ေတြ ေရာင္းခ်မယ့္ အစီအစဥ္ ဆုိင္းငံ့ထားတာကုိ ႐ုပ္သိမ္းမေပးရင္ ႐ုရွားနဲ႔ ဆက္ဆံေရး တုိးျမွင့္သြားမယ့္အေၾကာင္း တူရကီသမၼတ Recep Tayyip Erdogan က ၿခိမ္းေျခာက္လုိက္ပါတယ္။

အေမရိကန္သမၼတ Donald Trump နဲ႔ ေရွ႕သီတင္းပတ္ထဲ ေတြ႔ဆုံဖုိ႔ ရွိေနခ်ိန္မွာပဲ တူရကီသမၼတက သတိေပး ေျပာဆုိလုိက္တာပါ။ ႐ုရွားလုပ္ Su-35 အမ်ဳိးအစား တုိက္ေလယာဥ္ေတြ ၀ယ္ဖုိ႔လည္း တူရကီႏုိင္ငံက စီစဥ္ထားပါတယ္။

႐ုရွားလုပ္ S-400 အမ်ဳိးအစား မစ္ဇုိင္းဒုံးစနစ္ ၀ယ္ယူထားတဲ့ တူရကီႏုိင္ငံအေပၚ အေနာက္မဟာမိတ္ႏုိင္ငံေတြက စုိးရိမ္တဲ့ သေဘာထားေတြလည္း ထြက္ေပၚေနတာပါ။ S-400 မစ္ဇုိင္းဒုံးစနစ္ ၀ယ္ယူရာမွာ ဘယ္သူ႔ခြင့္ျပဳခ်က္မွ မေတာင္းခဲ့ဘူးသလို Su-35 တုိက္ေလယာဥ္ေတြ၀ယ္မယ္ ဆုိရင္လည္း ကုိယ္ပုိင္ ဆုံးျဖတ္ခ်က္နဲ႔ ၀ယ္ယူမွာျဖစ္ေၾကာင္း တူရကီသမၼတက အဂၤါေန႔တုန္းကပဲ ေျပာဆုိခဲ့တာ ျဖစ္ပါတယ္။

႐ုရွားတုိက္ေလယာဥ္ေတြ ၀ယ္သင့္-မသင့္ ဆုံးျဖတ္ဖုိ႔က အေမရိကန္အေပၚမွာ မူတည္ေၾကာင္းလည္း ေျပာဆုိခဲ့တာပါ။ အေမရိကန္လုပ္ F-35 ဂ်က္တုိက္ေလယာဥ္ေတြ တူရကီႏုိင္ငံကုိ ေရာင္းခ်မယ့္ အစီအစဥ္ ဆုိင္းငံ့ထားတာကုိ ပယ္ဖ်က္ဖုိ႔လည္း တူရကီသမၼတက အေမရိကန္သမၼတကုိ တုိက္တြန္းထားပါတယ္။

႐ုရွားလုပ္ S-400 မစ္ဇုိင္းဒုံးစနစ္ဟာ ေျမာက္အတၱလန္တိတ္ စာခ်ဳပ္အဖဲြ႔ (NATO) မဟာမိတ္အဖဲြ႔ရဲ႕ ကာကြယ္ေရးစနစ္၊ အထူးသျဖင့္ အေမရိကန္လုပ္ F-35 ဂ်က္တုိက္ေလယာဥ္ေတြရဲ႕ ကုိယ္ေရာင္ေဖ်ာက္ႏုိင္စြမ္း နည္းပညာကုိ ထိခုိက္ႏုိင္တယ္ဆုိၿပီး တုိက္ေလယာဥ္ေတြ ေရာင္းမယ့္ အစီအစဥ္ကုိ ဆုိင္းငံ့ထားတာပါ။

တူရကီ သမၼတကေတာ့ F-35 တုိက္ေလယာဥ္ေတြ ေရာင္းခ်မယ့္ အစီအစဥ္နဲ႔ ပတ္သက္လုိ႔ မေျဖရွင္းႏုိင္ရင္ လုိအပ္သလုိ ဆက္လက္ ေဆာင္ရြက္သြားမယ္ဆုိၿပီး ေျပာဆုိထားပါတယ္။

တူရကီသမၼတကုိေတာ့ ၾသဂုတ္လထဲ ေမာ္စကုိၿမိဳ႕ေတာ္မွာ ျပသခဲ့တဲ့ ေလေၾကာင္းျပပဲြမွာ Su-35 တုိက္ေလယာဥ္ေတြကုိ ႐ုရွားသမၼတ Vladimir Putin ကုိယ္တုိင္ ဧည့္ခံျပသခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရုရှားနဲ့ ဆက်ဆံရေးတိုးမြှင့်မည်ဟု တူရကီ ကန်ကို သတိပေး

တူရကီနိုင်ငံကို အမေရိကန်က အဆင့်မြင့် ဂျက်တိုက်လေယာဉ်တွေ ရောင်းချမယ့် အစီအစဉ် ဆိုင်းငံ့ထားတာကို ရုပ်သိမ်းမပေးရင် ရုရှားနဲ့ ဆက်ဆံရေး တိုးမြှင့်သွားမယ့်အကြောင်း တူရကီသမ္မတ Recep Tayyip Erdogan က ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန်သမ္မတ Donald Trump နဲ့ ရှေ့သီတင်းပတ်ထဲ တွေ့ဆုံဖို့ ရှိနေချိန်မှာပဲ တူရကီသမ္မတက သတိပေး ပြောဆိုလိုက်တာပါ။ ရုရှားလုပ် Su-35 အမျိုးအစား တိုက်လေယာဉ်တွေ ဝယ်ဖို့လည်း တူရကီနိုင်ငံက စီစဉ်ထားပါတယ်။

ရုရှားလုပ် S-400 အမျိုးအစား မစ်ဇိုင်းဒုံးစနစ် ဝယ်ယူထားတဲ့ တူရကီနိုင်ငံအပေါ် အနောက်မဟာမိတ်နိုင်ငံတွေက စိုးရိမ်တဲ့ သဘောထားတွေလည်း ထွက်ပေါ်နေတာပါ။ S-400 မစ်ဇိုင်းဒုံးစနစ် ဝယ်ယူရာမှာ ဘယ်သူ့ခွင့်ပြုချက်မှ မတောင်းခဲ့ဘူးသလို Su-35 တိုက်လေယာဉ်တွေဝယ်မယ် ဆိုရင်လည်း ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဝယ်ယူမှာဖြစ်ကြောင်း တူရကီသမ္မတက အင်္ဂါနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရုရှားတိုက်လေယာဉ်တွေ ဝယ်သင့်-မသင့် ဆုံးဖြတ်ဖို့က အမေရိကန်အပေါ်မှာ မူတည်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အမေရိကန်လုပ် F-35 ဂျက်တိုက်လေယာဉ်တွေ တူရကီနိုင်ငံကို ရောင်းချမယ့် အစီအစဉ် ဆိုင်းငံ့ထားတာကို ပယ်ဖျက်ဖို့လည်း တူရကီသမ္မတက အမေရိကန်သမ္မတကို တိုက်တွန်းထားပါတယ်။

ရုရှားလုပ် S-400 မစ်ဇိုင်းဒုံးစနစ်ဟာ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) မဟာမိတ်အဖွဲ့ရဲ့ ကာကွယ်ရေးစနစ်၊ အထူးသဖြင့် အမေရိကန်လုပ် F-35 ဂျက်တိုက်လေယာဉ်တွေရဲ့ ကိုယ်ရောင်ဖျောက်နိုင်စွမ်း နည်းပညာကို ထိခိုက်နိုင်တယ်ဆိုပြီး တိုက်လေယာဉ်တွေ ရောင်းမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားတာပါ။

တူရကီ သမ္မတကတော့ F-35 တိုက်လေယာဉ်တွေ ရောင်းချမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ မဖြေရှင်းနိုင်ရင် လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမယ်ဆိုပြီး ပြောဆိုထားပါတယ်။

တူရကီသမ္မတကိုတော့ သြဂုတ်လထဲ မော်စကိုမြို့တော်မှာ ပြသခဲ့တဲ့ လေကြောင်းပြပွဲမှာ Su-35 တိုက်လေယာဉ်တွေကို ရုရှားသမ္မတ Vladimir Putin ကိုယ်တိုင် ဧည့်ခံပြသခဲ့တာပါ။

XS
SM
MD
LG