ဖိလစ္ပိုင္နဲ႔႐ုရွားသမၼတႏွစ္ဦးေတြ႔ဆံုၿပီး ႐ုရွားႏုိင္ငံက ဖိလစ္ပိုင္ကို လက္နက္ေတြ ပိုမိုေရာင္းခ်မယ့္ အေျခအေနရွိေနတယ္လုိ႔ သံုးသပ္သူေတြက ခန္႔မွန္းေနၾကပါတယ္။ တ႐ုတ္ႏုိင္ငံနဲ႔ က်န္အေရွ႕ေတာင္ အာရွႏုိင္ငံေတြၾကား အျငင္းပြားစရာျဖစ္ေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ေရျပင္မွာ ႐ုရွားႏုိင္ငံရဲ႕ တုိက္႐ိုက္ အက်ဳိးသက္ေရာက္မႈ တစံုတရာ မရွိဘဲနဲ႔ ဘာၾကာင့္ အေရွ႕ေတာင္အာရွႏုိင္ငံတခုကို ႐ုရွားက လက္နက္ေရာင္းခ်င္ရသလဲဆိုတာ Ralph Jennings ရဲ႕တုိင္ဝမ္က ေပးပို႔တဲ့သတင္းကို ေျပာျပလိုပါတယ္။
ဖိလစ္ပိုင္သမၼတဒူတာေတးရဲ႕ ႐ုရွားခရီးစဥ္အတြင္း သမၼတပူတင္နဲ႔ေတြ႔ဆံုတဲ့အခါ လံုၿခံဳေရးနဲ႔ ကာကြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈေတြကိုလည္း ေဆြးေႏြးၾကမွာျဖစ္တယ္လုိ႔ ဖိလစ္ပိုင္သမၼတရဲ႕web page မွာ ေဖာ္ျပထားပါတယ္။ ႐ုရွားႏုိင္ငံရဲ႕ ဒီလို လက္နက္ေရာင္းခ်မႈဟာ ေတာင္တ႐ုတ္ပင္လယ္တြင္း အေမရိကန္ရဲ႕စစ္ေရးၾသဇာလႊမ္းမိုးမႈကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ေပမယ့္ တ႐ုတ္ႏိုင္ငံရဲ႕ ၿငိဳျငင္မႈကိုေတာ့ ေရွာင္လႊဲႏုိင္ေအာင္ ႀကိဳးစားရမွာျဖစ္ပါတယ္။ မနီလာအေျခစိုက္ သုေတသနအဖြဲ႔တခုျဖစ္တဲ့ Asia Pacific Pathways to Progress Foundation က သုေတသီ Aaron Rabena က အခုလို သံုးသပ္ပါတယ္။
“ဖိလစ္ပိုင္မွာ အေမရိကန္ရဲ႕ၾသဇာလႊမ္းမိုးမႈ ႀကီးမားတယ္ဆိုတာေတာ့ ရွင္းပါတယ္။ ဒါေၾကာင့္ ႐ုရွားကလက္နက္ေရာင္းမယ့္ ကိစၥဟာ သူတို႔ရဲ႕ႏုိင္ငံေရးၾသဇာကို ဖိလစ္ပိုင္မွာ ျမႇင့္တင္ဖို႔ ရည္ရြယ္တာျဖစ္ပါတယ္။ ဒါေပမယ့္ ႐ုရွားဆီက ဘယ္လိုလက္နက္ အမ်ဳိးအစားလဲ၊ ဘယ္လိုသံုးမွာလဲဆိုတာနဲ႔ပတ္သက္ၿပီးေတာ့ တ႐ုတ္ဘက္ကေတာ့ စိုးရိမ္မႈတစံုတရာရွိႏိုင္ပါတယ္။ ဒီလက္နက္ေတြကို ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာသံုးမယ္ဆိုရင္ေတာ့ တ႐ုတ္ဘက္က အမွတ္တမဲ့ ေနလိမ့္မွာ မဟုတ္ပါဘူး။”
ေတာင္တ႐ုတ္ပင္လယ္အျငင္းပြားမႈမွာ တ႐ုတ္ကတဘက္၊ အေမရိကန္အကူအညီကိုရယူလိုတဲ့ က်န္အေရွ႕ေတာင္အာရွႏုိင္ငံေတြက တဘက္ရွိေနၿပီး ႐ုရွားအတြက္ အက်ဳိးစီးပြားတစံုတရာ မရွိႏိုင္ေပမယ့္ တ႐ုတ္ကိုေထာက္ခံမႈ ျပသဖို႔ ေမွ်ာ္လင့္ပံုရတယ္လို႔ စကၤာပူ ISEAS က သုေတသီ Termsak Chalermpalanupap က အခုလို ေျပာပါတယ္။
“ေတာင္တ႐ုတ္ပင္လယ္မွာ ႐ုရွားကတ႐ုတ္ကို အၿမဲတမ္းေထာက္ခံေနတာပါ။ အင္အားႀကီး ႏုိင္ငံေတြ ဆိုၿပီးေတာ့ အေမရိကန္နဲ႔တ႐ုတ္ကိုသာ ေျပာေနၾကေလေတာ့ ႐ုရွားကလည္း အင္အားႀကီးႏုိင္ငံအျဖစ္ အသိအမွတ္ျပဳ ခံခ်င္ပါတယ္။ ႐ုရွား ဒါမွမဟုတ္ ဆုိဗီယက္ျပည္ေထာင္စုဟာလည္း တခ်ိန္က ဒိတ္ဒိတ္က်ဲ ႏုိင္ငံျဖစ္ခဲ့တာပါပဲ။”
႐ုရွားနဲ႔တ႐ုတ္တို႔ဟာ စစ္ေအးကာလတုန္းက အေမရိကန္ကို ဘံုရန္သူအျဖစ္သတ္မွတ္ခဲ့ၿပီး အခုအခါမွာ လည္း အေမရိကန္နဲ႔တ႐ုတ္တုိ႔ဟာ ကုန္သြယ္ေရးနဲ႔ ေရေၾကာင္းခ်ဲ႕ထြင္မႈေတြနဲ႔ ပတ္သက္ၿပီး အျငင္းပြားေနသလို အေမရိကန္နဲ႔႐ုရွားဟာလည္း ဆုိင္ဘာလံုၿခံဳေရးကိစၥနဲ႔ အေရွ႕ ဥေရာပျပႆနာေတြမွာ ထိပ္တိုက္ေတြ႔ေနၾကတာျဖစ္ပါတယ္။
ဖိလစ္ပိုင္ဟာ သူတို႔ရဲ႕ မဟာမိတ္ေဟာင္း အေမရိကန္အေပၚ စစ္ေရးအေထာက္အကူေတြအတြက္ ၁၉၅၁ ခုႏွစ္ကတည္းက အားကိုးလာခဲ့ေပမယ့္ ၂၀၁၆ ေရြးေကာက္ပြဲေနာက္ပိုင္းမွာေတာ့ သမၼတဒူတာေတးဟာ တ႐ုတ္နဲ႔ခုိင္မာတဲ့ဆက္ဆံေရး ထူေထာင္တာအပါအဝင္ ႏုိင္ငံစံုနဲ႔ဆက္ဆံေရးမဟာဗ်ဴဟာကို က်င့္သံုးလာခဲ့တာျဖစ္ပါတယ္။
႐ုရွား-ဖိလစ္ပိုင္အနာဂတ္ဆက္ဆံေရးဟာ ႐ုရွားႏုိင္ငံအတြက္ ပစိဖိတ္ ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Vladivostok ၿမိဳ႕ကို ေရေၾကာင္းနဲ႔ ဆက္သြယ္ဖို႔ လမ္းပြင့္သြားႏုိင္တယ္လုိ႔ စကၤာပူ အမ်ဳိးသား တကၠသိုလ္ တြဲဘက္ပါေမာကၡ Eduardo Araral က ဆိုပါတယ္။
“ဒူတာေတးနဲ႔ မိတ္ေဆြျဖစ္ရတဲ့အတြက္ ႐ုရွားသေဘၤာေတြအတြက္ ပစိဖိတ္ကိုသြားတဲ့ ခရီးမွာ တေထာက္နားစရာ ရရွိႏိုင္ပါတယ္။ တနည္းေျပာရရင္ ဖိလစ္ပိုင္ကို မဟာမိတ္အျဖစ္ သြတ္သြင္းႏုိင္တဲ့ အတြက္ အင္အားတည္ေဆာက္ေရးအတြက္ အလားအလာ သိပ္ေကာင္းႏုိင္ပါတယ္။”
႐ုရွားႏိုင္ငံဟာ ဗီယက္နမ္ႏိုင္ငံကိုလည္း အဓိကလက္နက္ေထာက္ပံ့ေနတဲ ့ႏုိင္ငံျဖစ္ၿပီး ၂၀၁၁ တုန္းကစၿပီး ဗီယက္နမ္ကို ကမ္းေျခက ပစ္လႊတ္ႏုိင္တဲ့ ဒံုးက်ည္စခန္းႏွစ္ခု ေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ မေလးရွားႏုိင္ငံဟာလည္း ႐ုရွားဆီက တိုက္ေလယာဥ္ေတြ ဝယ္ယူရရွိေနပါတယ္။ ဒါေၾကာင့္ ႐ုရွားႏုိင္ငံ အေနနဲ႔ အေရွ႕ေတာင္အာရွေဒသမွာ မဟာမိတ္ေတြတိုးခ်ဲ႕တည္ေဆာက္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သံုးသပ္သူေတြက ဆိုၾကပါတယ္။
လက္နက္ေတြကို တႏုိင္ငံတည္းက မဝယ္ဘဲ ႏုိင္ငံအမ်ားအျပားက ျဖန္႔ၿပီးဝယ္ယူလိုတဲ့ ဖိလစ္ပိုင္မွာ သမၼတဒူတာေတးက မူးယစ္ေဆးဝါးႏွိပ္ကြပ္မႈကို အလြန္အကၽြံ ျပင္းျပင္းထန္ထန္လုပ္ေနေပမယ့္ ႐ုရွားဘက္ကလည္း လက္နက္ေရာင္းတဲ့ကိစၥမွာ ဒီအခ်က္ကို ထည့္သြင္းစဥ္းစားျခင္းမရွိပါဘူး။ ဒါေၾကာင့္ ဖိလစ္ပိုင္အတြက္ စဥ္းစားရမယ့္ တခုတည္းေသာအခ်က္ကေတာ့ တ႐ုတ္ရဲ႕ ၿငိဳျငင္မႈ မခံရေရးသာ ျဖစ္ၿပီး အခုဝယ္ယူတဲ့ လက္နက္ေတြကို မြတ္ဆလင္သူပုန္ေတြခုခံတဲ့ေနရာမွာ၊ ေတာင္တ႐ုတ္ပင္လယ္တြင္းက ဖိလစ္ပိုင္ရဲ႕အက်ဳိးစီးပြားကို ကာကြယ္တဲ့ ေနရာေတြမွာသာ သံုးမယ္ဆိုရင္ေတာ့ ဒီကိစၥက ေျပလည္သြားမယ္လို႔ သံုးသပ္တာေတြလည္း ရွိေနၾကပါတယ္။
......................
{Unicode}
ရုရှားဆီက ဖိလစ်ပိုင် လက်နက်ဝယ်မည်
ဖိလစ်ပိုင်နဲ့ရုရှားသမ္မတနှစ်ဦးတွေ့ဆုံပြီး ရုရှားနိုင်ငံက ဖိလစ်ပိုင်ကို လက်နက်တွေ ပိုမိုရောင်းချမယ့် အခြေအနေရှိနေတယ်လို့ သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။ တရုတ်နိုင်ငံနဲ့ ကျန်အရှေ့တောင် အာရှနိုင်ငံတွေကြား အငြင်းပွားစရာဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်ရေပြင်မှာ ရုရှားနိုင်ငံရဲ့ တိုက်ရိုက် အကျိုးသက်ရောက်မှု တစုံတရာ မရှိဘဲနဲ့ ဘာကြာင့် အရှေ့တောင်အာရှနိုင်ငံတခုကို ရုရှားက လက်နက်ရောင်းချင်ရသလဲဆိုတာ Ralph Jennings ရဲ့တိုင်ဝမ်က ပေးပို့တဲ့သတင်းကို ပြောပြလိုပါတယ်။
ဖိလစ်ပိုင်သမ္မတဒူတာတေးရဲ့ ရုရှားခရီးစဉ်အတွင်း သမ္မတပူတင်နဲ့တွေ့ဆုံတဲ့အခါ လုံခြုံရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဆွေးနွေးကြမှာဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတရဲ့web page မှာ ဖော်ပြထားပါတယ်။ ရုရှားနိုင်ငံရဲ့ ဒီလို လက်နက်ရောင်းချမှုဟာ တောင်တရုတ်ပင်လယ်တွင်း အမေရိကန်ရဲ့စစ်ရေးသြဇာလွှမ်းမိုးမှုကို လျှော့ချနိုင်မှာ ဖြစ်ပေမယ့် တရုတ်နိုင်ငံရဲ့ ငြိုငြင်မှုကိုတော့ ရှောင်လွှဲနိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ မနီလာအခြေစိုက် သုတေသနအဖွဲ့တခုဖြစ်တဲ့ Asia Pacific Pathways to Progress Foundation က သုတေသီ Aaron Rabena က အခုလို သုံးသပ်ပါတယ်။
“ဖိလစ်ပိုင်မှာ အမေရိကန်ရဲ့သြဇာလွှမ်းမိုးမှု ကြီးမားတယ်ဆိုတာတော့ ရှင်းပါတယ်။ ဒါကြောင့် ရုရှားကလက်နက်ရောင်းမယ့် ကိစ္စဟာ သူတို့ရဲ့နိုင်ငံရေးသြဇာကို ဖိလစ်ပိုင်မှာ မြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါပေမယ့် ရုရှားဆီက ဘယ်လိုလက်နက် အမျိုးအစားလဲ၊ ဘယ်လိုသုံးမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ တရုတ်ဘက်ကတော့ စိုးရိမ်မှုတစုံတရာရှိနိုင်ပါတယ်။ ဒီလက်နက်တွေကို တောင်တရုတ်ပင်လယ်အတွင်းမှာသုံးမယ်ဆိုရင်တော့ တရုတ်ဘက်က အမှတ်တမဲ့ နေလိမ့်မှာ မဟုတ်ပါဘူး။”
တောင်တရုတ်ပင်လယ်အငြင်းပွားမှုမှာ တရုတ်ကတဘက်၊ အမေရိကန်အကူအညီကိုရယူလိုတဲ့ ကျန်အရှေ့တောင်အာရှနိုင်ငံတွေက တဘက်ရှိနေပြီး ရုရှားအတွက် အကျိုးစီးပွားတစုံတရာ မရှိနိုင်ပေမယ့် တရုတ်ကိုထောက်ခံမှု ပြသဖို့ မျှော်လင့်ပုံရတယ်လို့ စင်္ကာပူ ISEAS က သုတေသီ Termsak Chalermpalanupap က အခုလို ပြောပါတယ်။
“တောင်တရုတ်ပင်လယ်မှာ ရုရှားကတရုတ်ကို အမြဲတမ်းထောက်ခံနေတာပါ။ အင်အားကြီး နိုင်ငံတွေ ဆိုပြီးတော့ အမေရိကန်နဲ့တရုတ်ကိုသာ ပြောနေကြလေတော့ ရုရှားကလည်း အင်အားကြီးနိုင်ငံအဖြစ် အသိအမှတ်ပြု ခံချင်ပါတယ်။ ရုရှား ဒါမှမဟုတ် ဆိုဗီယက်ပြည်ထောင်စုဟာလည်း တချိန်က ဒိတ်ဒိတ်ကျဲ နိုင်ငံဖြစ်ခဲ့တာပါပဲ။”
ရုရှားနဲ့တရုတ်တို့ဟာ စစ်အေးကာလတုန်းက အမေရိကန်ကို ဘုံရန်သူအဖြစ်သတ်မှတ်ခဲ့ပြီး အခုအခါမှာ လည်း အမေရိကန်နဲ့တရုတ်တို့ဟာ ကုန်သွယ်ရေးနဲ့ ရေကြောင်းချဲ့ထွင်မှုတွေနဲ့ ပတ်သက်ပြီး အငြင်းပွားနေသလို အမေရိကန်နဲ့ရုရှားဟာလည်း ဆိုင်ဘာလုံခြုံရေးကိစ္စနဲ့ အရှေ့ ဥရောပပြဿနာတွေမှာ ထိပ်တိုက်တွေ့နေကြတာဖြစ်ပါတယ်။
ဖိလစ်ပိုင်ဟာ သူတို့ရဲ့ မဟာမိတ်ဟောင်း အမေရိကန်အပေါ် စစ်ရေးအထောက်အကူတွေအတွက် ၁၉၅၁ ခုနှစ်ကတည်းက အားကိုးလာခဲ့ပေမယ့် ၂၀၁၆ ရွေးကောက်ပွဲနောက်ပိုင်းမှာတော့ သမ္မတဒူတာတေးဟာ တရုတ်နဲ့ခိုင်မာတဲ့ဆက်ဆံရေး ထူထောင်တာအပါအဝင် နိုင်ငံစုံနဲ့ဆက်ဆံရေးမဟာဗျူဟာကို ကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။
ရုရှား-ဖိလစ်ပိုင်အနာဂတ်ဆက်ဆံရေးဟာ ရုရှားနိုင်ငံအတွက် ပစိဖိတ် ဆိပ်ကမ်းမြို့ဖြစ်တဲ့ Vladivostok မြို့ကို ရေကြောင်းနဲ့ ဆက်သွယ်ဖို့ လမ်းပွင့်သွားနိုင်တယ်လို့ စင်္ကာပူ အမျိုးသား တက္ကသိုလ် တွဲဘက်ပါမောက္ခ Eduardo Araral က ဆိုပါတယ်။
“ဒူတာတေးနဲ့ မိတ်ဆွေဖြစ်ရတဲ့အတွက် ရုရှားသင်္ဘောတွေအတွက် ပစိဖိတ်ကိုသွားတဲ့ ခရီးမှာ တထောက်နားစရာ ရရှိနိုင်ပါတယ်။ တနည်းပြောရရင် ဖိလစ်ပိုင်ကို မဟာမိတ်အဖြစ် သွတ်သွင်းနိုင်တဲ့ အတွက် အင်အားတည်ဆောက်ရေးအတွက် အလားအလာ သိပ်ကောင်းနိုင်ပါတယ်။”
ရုရှားနိုင်ငံဟာ ဗီယက်နမ်နိုင်ငံကိုလည်း အဓိကလက်နက်ထောက်ပံ့နေတဲ့နိုင်ငံဖြစ်ပြီး ၂၀၁၁ တုန်းကစပြီး ဗီယက်နမ်ကို ကမ်းခြေက ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်စခန်းနှစ်ခု ရောင်းချခဲ့တာဖြစ်ပါတယ်။ မလေးရှားနိုင်ငံဟာလည်း ရုရှားဆီက တိုက်လေယာဉ်တွေ ဝယ်ယူရရှိနေပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံ အနေနဲ့ အရှေ့တောင်အာရှဒေသမှာ မဟာမိတ်တွေတိုးချဲ့တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။
လက်နက်တွေကို တနိုင်ငံတည်းက မဝယ်ဘဲ နိုင်ငံအများအပြားက ဖြန့်ပြီးဝယ်ယူလိုတဲ့ ဖိလစ်ပိုင်မှာ သမ္မတဒူတာတေးက မူးယစ်ဆေးဝါးနှိပ်ကွပ်မှုကို အလွန်အကျွံ ပြင်းပြင်းထန်ထန်လုပ်နေပေမယ့် ရုရှားဘက်ကလည်း လက်နက်ရောင်းတဲ့ကိစ္စမှာ ဒီအချက်ကို ထည့်သွင်းစဉ်းစားခြင်းမရှိပါဘူး။ ဒါကြောင့် ဖိလစ်ပိုင်အတွက် စဉ်းစားရမယ့် တခုတည်းသောအချက်ကတော့ တရုတ်ရဲ့ ငြိုငြင်မှု မခံရရေးသာ ဖြစ်ပြီး အခုဝယ်ယူတဲ့ လက်နက်တွေကို မွတ်ဆလင်သူပုန်တွေခုခံတဲ့နေရာမှာ၊ တောင်တရုတ်ပင်လယ်တွင်းက ဖိလစ်ပိုင်ရဲ့အကျိုးစီးပွားကို ကာကွယ်တဲ့ နေရာတွေမှာသာ သုံးမယ်ဆိုရင်တော့ ဒီကိစ္စက ပြေလည်သွားမယ်လို့ သုံးသပ်တာတွေလည်း ရှိနေကြပါတယ်။