သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအတိုက်အခံခေါင်းဆောင် ဓါတုအဆိပ်ခတ်ခံရချေရှိ


ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny
ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny

ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ဟာ ဓာတုအဆိပ်ခတ်ခံရတာ ဖြစ်နိုင်ခြေရှိတယ်လို့ သူ့ရဲ့ဆရာဝန်က ပြောပါတယ်။

Navalny ကို ဆေးရုံမှာသွားတွေ့ပြီးတဲ့နောက် ဒေါက်တာ Anastassia Vassilieva က “သူ့အရေပြားမှာ အဆိပ်သင့်ပြီး ဘာမှန်း မသိတဲ့ ဓာတုအဆိပ်ဓာတ်တခုကြောင့် အရေပြား ပျက်စီးသွားခဲ့တာလားဆိုတာ ထည့်စဉ်းစားနေပါတယ်။

ထောင်ဒဏ် ရက် ၃၀ ကျခံနေရတဲ့ Navalny ဟာ အာဏာပိုင်တွေရဲ့ အပြောအားဖြင့် ဆိုးရွားတဲ့ ဓာတ်မတည့်မှုတခုကြောင့်ဆိုပြီး တနင်္ဂနွေနေ့မနက်ပိုင်းက ဆေးရုံတင်လိုက်ရတာပါ။

ရုရှားအတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ Navalny ဟာ မျက်နှာမှာ ဆိုးဆိုးရွားရွား ယောင်ယန်းနေပြီး အရေပြားမှာ အနီကွက်တွေနဲ့ ဆေးရုံတင်လိုက်ရတာလို့ သူ့ရဲ့ပြောခွင့်ရအမျိုးသမီး Kira Yarmyush ကပြောပါတယ်။ ဒီလို ဓာတ်မတည့်တာမျိုး အရင်တုန်းက တခါမှ မဖြစ်ဖူးဘူးလို့လည်း ပြောခွင့်ရကပြောပါတယ်။

Navalny ကုသမှုခံယူနေတဲ့ ဆေးရုံရဲ့ ကိုယ်စားလှယ်တယောက်က Navalny ဟာ စိတ်ကျေနပ်စရာ အခြေအနေမှာ ရှိနေပြီလို့ အနောက်နိုင်ငံတွေက သတင်းဌာနတွေကို ဒီကနေ့ပြောပါတယ်။

ပြီးခဲ့တဲ့စနေနေ့က မော်စကိုမြို့တော်မှာ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြပွဲလုပ်ဖို့ နှိုးဆော်တယ်ဆိုပြီး Navalny ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ထောင်ဒဏ် ရက် ၃၀ ချမှတ်ထားတာပါ။ အဲဒီစနေနေ့က ဆန္ဒပြပွဲအတွင်း လူပေါင်း ၁၃၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဆန္ဒပြပွဲတွေကို နှိမ်နင်းတဲ့အခြေအနေကို စောင့်ကြည့်တဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့တဖွဲ့ကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း Navalny ဟာ အကြိမ်ရေ တဒါဇင်လောက် ထောင်ချခံခဲ့ရဖူးပြီး ထောင်ထဲမှာ ရက် ၂၀၀ ကျော် နေခဲ့ရပြီးပါပြီ။

ရုရှားအတိုက်အခံခေါင်းဆောင် ဓါတုအဆိပ်ခတ်ခံရချေရှိ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG