သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမြို့တော် မော်စကိုမှာ သောင်းချီစုဝေး ဆန္ဒပြ


မော်စကိုမြို့လယ်ရှိ ဆန္ဒပြသူများ။ (စက်တင်ဘာ ၂၉၊ ၂၀၁၉)
မော်စကိုမြို့လယ်ရှိ ဆန္ဒပြသူများ။ (စက်တင်ဘာ ၂၉၊ ၂၀၁၉)

ရုရှားရဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေနဲ့ ပိုပြီးကျယ်ပြန့်တဲ့ နိုင်ငံရေးစနစ် နှစ်ခုစလုံးကို ပစ်မှတ်ထားတဲ့ နွေရာသီ ဆန္ဒပြမှုတွေရဲ့ အရှိန်မျိုး ပြန်ရရေး အတိုက်အခံအဖွဲ့တွေ ကြိုးစားနေတာနဲ့အတူ တနင်္ဂနွေနေ့က သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေ အေးခဲနေတဲ့ မိုးရွာသွန်းမှုကို ကြံံံ့ကြံ့ခံပြီး မော်စကိုမြို့လယ် ရင်ပြင်ကို ပိတ်ဆို့သွားအောင် ချီတက်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ လူထုချီတက်ပွဲဟာဆိုရင် ဒီလအစောပိုင်း ရွေးကောက်ပွဲတွေနောက်ပိုင်း လစ်ဘရယ်ဝါဒီ နိုင်ငံရေးအဖွဲ့တွေနဲ့ မဟာမိတ်ပါတီတွေရဲ့ ပထမဆုံးသော ကြိုးစား အားထုတ်မှုကြီး ဖြစ်ပါတယ်။

စက်တင်ဘာလ ၈ ရက် ရွေးကောက်ပွဲ အကြိုကာလမှာ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှုကို တားမြစ်ခဲ့တာကြောင့် နှစ်ပေါင်းများစွာအတွင်း အစိုးရဆန့်ကျင်ရေး အကြီးမားဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

စက်တင်ဘာလ ၂၉ ရက်နေ့ တနင်္ဂနွေနေ့ လူထုချီတက်ပွဲကတော့ နိုင်ငံရေး ဖိနှိပ်မှုတွေကို ဆန္ဒပြကြတာပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ Aleksei Navalny နဲ့ နိုင်ငံတဝန်းက သူ့ကိုထောက်ခံတဲ့ ကွန်ရက်ကို ပစ်မှတ်ထားပြီး အာဏာပိုင်တွေက စီးနင်း ဖမ်းဆီးနေတာတွေ ရပ်ဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ချီတက်သူတွေက တောင်းဆိုကြပြီး ရုရှားသမ္မတ Putin က သူခိုးလို့လည်း ကြွေးကြော်ခဲ့ကြပါတယ်။

အတိုက်အခံခေါင်းဆောင် Navalny၊ နောက် နွေရာသီဆန္ဒပြပွဲတွေကို အဓိက စည်းရုံးသူတဦးဖြစ်တဲ့ လူ့အခွင့်အရေးရှေ့နေ Lyubov Sobol တို့ အပါအဝင် ဆော်သြသူတွေကတော့ ဆန္ဒပြသူတွေ အရှိန်မြှင့်ကြဖို့လည်း ပန်ကြားခဲ့ကြပါတယ်။ မျက်နှာဖုံးစွပ်ပြီး စီးနင်းမှုတွေဟာဆိုရင် ကြောက်ရွံ့စရာ အကြမ်းဖက်မှု မဟုတ်ပါဘူး၊ သူရဲဘောကြောင်တဲ့ သင်္ကေတ ဖြစ်တယ်လို့ Navalny က လူအုပ်ကို ပြောဆိုခဲ့ပါတယ်။

ချီတက်လာတဲ့ လူအုပ်ထဲမှာတော့ အကြောက်တရားနဲ့ မနေလိုဘူးဆိုတဲ့ စာတန်းတွေ၊ လီဆယ်လုပ်ကြံပြီး အမှုတွေ ဖန်တီးနေတာတွေ တော်လောက်ပြီဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။

-----------------------------

(Unicode)

ရုရှားမွို့တောျ မောျစကိုမှာ သောငျးခြီစုဝေး ဆန်ဒပွ







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG