သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားလုပ် S-400 ဒုံးခွင်းလက်နက် တူရကီကိုရောက်ရှိ


ရုရှားနိုင်ငံလုပ် S-400 ဒုံးကျည် ကာကွယ်ရေး စနစ်ကို ရုရှားနိုင်ငံက တူရကီနိုင်ငံကို အပြီးအစီး တင်ပို့ခဲ့ပြီဖြစ်ကြောင်း တူရကီနိုင်ငံက ပြောပါတယ်။ တူရကီ သမ္မတ Recep Tayyip Erdogan က ဒီ ဒုံကျည်ကာကွယ်ရေး စနစ်ကို နောက်နှစ်မှာ စတင် အသုံးပြုမှာ ဖြစ်ကြောင်းနဲ့ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေး ပို တိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ဒီလို ရုရှားလုပ် ဒုံကျည်ကာကွယ်ရေး စနစ်ကို တူရကီက ဝယ်ယူလို့ အမေရိကန်နဲ့ တူရကီ အကြား ဆက်ဆံရေး မပြေမလည် ဖြစ်နေခဲ့တာပါ။ အမေရိကန်က သူ့ရဲ့ နောက်ဆုံးပေါ် F-35 Stealth တိုက်လေယာဉ် ဝယ်ယူခွင့် ရှိတဲ့နိုင်ငံ စာရင်းကနေ တူရကီကို ထုတ်ပယ်ခဲ့ပါတယ်။ F-35 တိုက်လေယာဉ်နဲ့ ရုရှားရဲ့ ထောက်လှမ်းရေးသတင်း စုဆောင်းရယူနို်င်တဲ့ ဒီစနစ် နှစ်ခု အတူ ဒွန်တွဲ မတည်ရှိနိုင်ဘူးလို့ အိမ်ဖြူတော်က ပြောခဲ့ပါတယ်။

ကြာသပတေးနေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က S-400 ဒုံးကျည် ကာကွယ်ရေး စနစ်ကို စတင် အသုံးပြုတာနဲ့ တစ်ပြိုင်နက် အရေးယူ ပိတ်ဆို့မှု လုပ်မယ်လို့ ပြောပါတယ်။

တူရကီက ဒီလို ရုရှားရဲ့ ဒုံးကျည်စနစ်ကို ဝယ်ယူတာဟာ အမေရိကန်နိုင်ငံက ပြဌာန်းထားတဲ့ “အရေးယူပိတ်ဆို့မှုကတဆင့် ရန်သူနိုင်ငံတွေကို တန်ပြန်ရေး ဥပဒေ” ကို ချိုးဖောက်ရာ ရောက်ပါတယ်။ တူရကီကို ချက်ချင်း အရေးယူဖို့ အမေရိကန် ကွန်ဂရက်လွှတ်တော်က တောင်းဆိုနေချိန်မှာ ဝန်ကြီး Pompeo ရဲ့ ပြောကြားချက်က တူရကီကို ဒီကိစ္စ ဆက်မလုပ်ဖို့ အချိန်ပေးတဲ့ သဘောလို့ ယူဆကြပါတယ်။

အမေရိကန်နဲ့ တူရကီ ဆက်ဆံရေး အခုလို မပြေမလည်ဖြစ်နေချိန်မှာပဲ ရုရှားနိုင်ငံသားတွေ တူရကီနိုင်ငံကို မသွားနိုင်အောင် ပိတ်ပင်ထားတဲ့ ဗီဇာ ပိတ်ပင်ကန့်သတ်ချက်ကို ရုရုားနိုင်ငံက ရုပ်သိမ်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG