သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G20 မှာ သမ္မတ Trump ဆွေးနွေးရမယ့် အရေးကြီးကိစ္စ


အမေရိကန် သမ္မတ Donald Trump (ဇွန်၊ ၂၈၊ ၂၀၁၉)
အမေရိကန် သမ္မတ Donald Trump (ဇွန်၊ ၂၈၊ ၂၀၁၉)

ဂျပန်နိုင်ငံ အိုဆာကာမြို့ G-20 ထိပ်သီး အစည်အဝေးကို တက်ရောက်နေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီနေ့ စနေနေ့မှာ တရုတ်သမ္မတ ရှီဂျင်းပင်းနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီလို တွေ့ဆုံတဲ့အခါ ပြီးခဲ့တဲ့ လအတွင်းက ရပ်ဆိုင်းသွားခဲ့တဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်စရေးကိစ္စ ဆွေးနွေးကြပါလိမ့်မယ်။

သောကြာနေ့က သမ္မတ ထရမ့်နဲ့ ဘရာဇီးလ် သမ္မတ Jair Bolsonaro တို့ တွေ့ဆုံစဉ် တရုတ်သမ္မတ ရှီ အနေနဲ့ ကုန်သွယ်ရေး သဘောတူညီချက်အသစ်ကို ချပြဖို့ ရှိသလားလို့ သမ္မတ ထရမ့်ကို ဗွီအိုအေက မေးမြန်းခဲ့ရာမှာ မနက်ဖြန် ဘာဖြစ်မလဲ စောင့်ကြည့်ရမယ်။ စိတ်လှုပ်ရှားဖို့ ကောင်းတဲ့နေ့ပါပဲ။ နှစ်နိုင်ငံစလုံးအတွက် ကောင်းစေမယ့်ဟာ ဖြစ်ပေါ်လာပါလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

တရုတ် ကုန်ပစ္စည်းတွေအပေါ် အမေရိကန်ဒေါ်လာ ၃၂၅ ဘီလျံ တန်ဖိုးရှိတဲ့ နောက်ထပ် အခွန် စည်းကြပ်မယ်လို့လည်း သမ္မတ ထရမ့်က ခြိမ်းခြောက်ထားရာမှာ ဒီ ပမာဏဟာ အမေရိကန်ကို တင်ပို့နေတဲ့ တရုတ် ကုန်ပစ္စည်း အားလုံး နီးပါး အပေါ် အခွန်ကောက်ခံမယ့် သဘောဖြစ်ပါတယ်။

ဒုတိယ သမ္မတ Mike Pence ရဲ့ ဒုတိယ သမ္မတအိမ်တော်ရုံး အရာရှိချုပ် March Short ကတော့ စနေနေ့ မှာ အကောင်းဆုံး ရနိုင်တဲ့အဖြေက ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်စ ခြင်းသာဖြစ်တယ်လို့ သောကြာနေ့မှာ ပြောပါတယ်။ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ စလုံးကတော့ အခု လက်ရှိ သူတို့ရဲ့ ရပ်တည်ချက်တွေကနေ ပြောင်းလဲ အလျှော့ပေးမယ်လို့ မပြောပါဘူး။

သမ္မတ ထရမ့်ဟာ စနေနေ့မှာ ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed Bin Salman နဲ့ တူရကီ သမ္မတ Recep Tayyip Erdogan တို့နဲ့ သီးခြားစီ တွေ့ဆုံဖို့လည်း ရှိပါတယ်။ တူရကီ သမ္မတနဲ့ တွေ့ဆုံပွဲဟာ အမေရိကန်ရဲ့ နေတိုး မဟာမိတ် တူရကီ နိုင်ငံက ရုရှားရဲ့ S-400 ဒုံးကျည် စနစ် ဝယ်ယူမှာမို့ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားမယ့် အခြေအနေကနေ ရှောင်ရှားနိုင်မယ့် နောက်ဆုံး အခွင့်အရေးတစ်ခုလည်း ဖြစ်ပါလိမ့်မယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG