သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Xi ရဲ့ G20 တွေ့ဆုံပွဲ မျှော်လင့်ချက် 


ဂျပန်နိုင်ငံ အိုဆာကာမှာ ဒီသီတင်းပတ် နှောင်းပိုင်း ကျင်းပမယ့် စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ ၂၀ G-20 ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန် သမ္မတ Donald Trump နဲ့ တရုတ် သမ္မတ Xi Jinping တို့ တွေ့ဆုံ ဆွေးနွေးမှုကနေ သဘောတူညီချက်ကြီးတွေ ရလာရေး ခန့်မှန်းမထားဖို့ အမေရိကန် ထိပ်တန်း တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ မေလက ပျက်သွားခဲ့တဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး ညှိနှိုင်းမှုတွေ ပြန်စရေး သဘောတူညီချက်ရဖို့ အခု တွေ့ဆုံဆွေးနွေးပွဲက အဓိက ရည်ရွယ်တာလို့ တာဝန်ရှိသူတွေက ပြောဆိုကြတာပါ။ ပြီးခဲ့တဲ့ ၁၁ ကြိမ် ဆွေးနွေးမှုတွေမှာ အမေရိကန်ရဲ့ စိုးရိမ်ချက်တွေ ဖြစ်တဲ့ တရုတ်နဲ့ ကုန်သွယ်ရေးမှာ အကြီးအကျယ် လိုငွေပြမှု၊ နောက် တရုတ်ဘက်က ညဏပစ္စည်း မူပိုင်ခွင့်တွေ ခိုးယူပါတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့တော့ ပြေလည်မှု မရခဲ့ပါဘူး။

ဒေါ်လာ ၂၅၀ ဘီလီယံ တန်ဖိုးရှိ တရုတ် သွင်းကုန်တွေ အပေါ် လက်ရှိ ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမှုမှာ မပါသေးတဲ့ တရုတ်ရဲ့ သွင်းကုန်ပမာဏ ဖြစ်တဲ့ ဒေါ်လာ ၃၂၅ ဘီလီယံ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းတွေ အပေါ် အခွန်ထပ်ကောက်မယ်လို့ အမေရိကန် သမ္မတ Trump က ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။ တရုတ်ဘက်ကလည်း အမေရိကန် ကုန်ပစ္စည်းတွေ အပေါ် အခွန်ကောက်ပြီး တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG