သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတမလာခင် တောင်-မြောက်ထိပ်သီးတွေ့ဖို့ တောင်ကိုရီးယားတောင်းဆို


အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကို နောက်သီတင်းပတ်မှာ ရောက်ရှိ မလာခင် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား အကြား ထိပ်သီးဆွေးနွေးပွဲ တရပ် ကျင်းပဖို့ တောင်ကိုရီးယားနိုင်ငံက ဗုဒ္ဒဟူးနေ့က တောင်းဆို လိုက်ပါတယ်။

ဝါရှင်တန် ဒီစီမှာ လုပ်ခဲ့တဲ့ Atlantic Council ဆွေးနွေးပွဲမှာ ေတောင်ကိုရီးယား သံတမန် Lee Do Hoon အခုလို ပြောခဲ့တာပါ။ Lee Do Hoon က တောက်ကိုရီးယား သမ္မတ မွန်ဂျေးအင်းရဲ့ ဖိတ်ကြားချက်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဂျုံအွန်းအနေနဲ့ ချက်ချင်း တုန့်ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီ ဆွေးနွးပွဲမှာပဲ မြောက်ကိုရီးယာဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Stephen Biegun ကလည်း ကြိုတင် သတ်မှတ်ချက်တွေ မထားဘဲ မြောက်ကိုရီးယားနဲ့ ေဆွေးနွေးဖို့ တံခါး ဖွင့်ထားကြောင်းနဲ့အမေရိကန်ပြည်ထောင်စု အနေနဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ အကြား ပထမအကြိမ် စကာၤပူ ထိပ်သီး ဆွေးနွေးပွဲမှာ ထားရှိခဲ့တဲ့ ကတိကဝတ်တွေကို ဆက်လက် ဆွေးနွေးသွားဖို့ ဆန္ဒ ရှိကြောင်း ပြောခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် G-20 ထိပ်သီး ညီလာခံ အပြီး လာမယ့် သီတင်းပတ်မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကို သွားရောက်ပြီး တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ အတွင်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ သမ္မတ ထရမ့်နဲ့ ကင်ဂျုံးအွန်းတို့ရဲ့ အစည်းအဝေးကတော့ မအောင်မမြင်နဲ့ ပြီးဆုံးခဲ့ပါတယ်။

ကန်သမ္မတမလာခင် တောင်-မြောက်ထိပ်သီးတွေ့ဖို့ တောင်ကိုရီးယားတောင်းဆို
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG