သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင် မြောက် ကိုရီးယား ထိပ်သီး ထပ်မံဆွေးနွေးမည်


၂၀၁၈ ဧပြီလတုန်းက တောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင်များ တွေ့ဆုံစဉ်
၂၀၁၈ ဧပြီလတုန်းက တောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင်များ တွေ့ဆုံစဉ်

တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ တတိယ အကြိမ် ထိပ်သီးဆွေးနွေးပွဲ အတွက် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း နောက်သီတင်းပတ် အင်္ဂါနေ့မှာ မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းကို သွားရောက်မှာ ဖြစ်ပါတယ်။

ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက် ဖြစ်ထွန်းစေရေး၊ နျူးကလီးယား ဖျက်သိမ်းရေး ဆွေးနွေးမှုတွေမှာ ကြားဝင်ပေးဖို့ အထောက်အကူ ဖြစ်စေဖို့၊ နောက် တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံကြား စစ်ပွဲ ခြိမ်းခြောက်မှုတွေနဲ့ စစ်ရေး တင်းမာမှုတွေကို အဆုံးသတ်နိုင်ရေး အတွက် ရည်ရွယ်ကြောင်း တောင်ကိုရီးယား သမ္မတက ပြောဆိုထားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ထိပ်သီးတွေ့ဆုံမယ့် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းရဲ့ မြောက်ကိုရီးယား နိုင်ငံ ခရီးစဉ်မှာတော့ ကိုယ်စားလှယ် ၂၀၀ လိုက်ပါသွားမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား အစိုးရ ကိုယ်စားလှယ် ၁၄ ဦး၊ အထူးကိုယ်စားလှယ် ၅၂ ဦး၊ အရပ်ဘက် ကိုယ်စားလှယ် ၉၁ ယောက်နဲ့ သတင်းထောက်တွေလည်း တောင်ကိုရီးယား သမ္မတ ခရီးစဉ်မှာ လိုက်ပါမှာ ဖြစ်ကြောင်း သမ္မတရုံးက ဒီကနေ့ တနင်္ဂနွေနေ့မှာဘဲ ပြောဆိုထားပါတယ်။

ကိုရီးယား နှစ်နိုင်ငံကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေး ပြင်ဆင်ဖို့ အတွက် ဒီကနေ့ တနင်္ဂနွေနေ့မှာဘဲ တောင်ကိုရီးယား သမ္မတရဲ့ ပြန်လည်ပေါင်းစည်းရေး မူဝါဒရေးရာ အတွင်းဝန် Suh Ho ဦးဆောင်တဲ့ တောင်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့လည်း ပြုံယမ်းမြို့တော်ကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG