သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ တောင်ကိုရီယားခေါင်းဆောင်နှစ်ဦး မြောက်ကိုရီယားရေးအရေးတွေ့ဆုံဆွေးနွေးမည်


အမေရိကန် သမ္မတ Donald Trump နဲ့ တောင်ကိုရီးယား ခေါင်းဆောင် Moon Jae-in တို့ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ဒီကနေ့ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိနေပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲက စီစဉ်ထားတဲ့ အတိုင်း ဖြစ်လာပါ့မလားဆိုတာနဲ့ ထိပ်သီးဆွေးနွေးပွဲ အောင်မြင်ဖို့ အခွင့်အလမ်းတွေ အပေါ် သံသယတွေ ထွက်ပေါ်နေချိန်မှာဘဲ ဒီကနေ့ ဆွေးနွေးပွဲ ဖြစ်လာတာပါ။

၂ နာရီကြာ ဆွေးနွေးဖို့ စီစဉ်ထားတဲ့ ဒီကနေ့ အိမ်ဖြူတော် ဆွေးနွေးပွဲမှာတော့ အမေရိကန် သမ္မတ Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ကြား နောက်လမှာ တွေ့ဆုံမှုကနေ သမိုင်းဝင် တိုးတက် ဖြစ်ထွန်းမှု တရပ်ကို ဦးတည် သွားနိုင်ကြောင်း တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း ဘက်က ထပ်လောင်း အာမခံ ပြောကြားမယ်လို့ ခန့်မှန်းထားကြပါတယ်။

Wilson Center ရဲ့ ကိုရီးယား အစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး Jean Lee ကတော့ သမ္မတ Trump အနေနဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းကို ကိုယ်တိုင်မေးလိုတဲ့ နက်နဲတဲ့ မေးခွန်းတွေ ရှိနေတယ်လို့ ယူဆကြောင်း ပြောပါတယ်။ ဘာမှ ရှင်းရှင်းလင်းလင်း မရှိဘဲ မြောက်ကိုရီးယားဘက်က ဘာကို သဘောတူမှာလဲ၊ နောက် ဇွန်လ ၁၂ ရက်နေ့ ထိပ်သီးဆွေးနွေးပွဲကို ဖျက်ဖို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်လာတဲ့ အခု နောက်ဆုံး ကစားကွက် စတာတွေကို မေးလိမ့်မယ်လို့ Jean Lee က ယူဆတာပါ။

သမ္မတ Trump ဘက်ကလည်း စကာၤပူမှာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ တွေ့မယ့်ကိစ္စကို ဆက်လုပ်သင့်သလားဆိုတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ လက်ထောက်တွေ၊ နိုင်ငံခြား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေတယ်လို့လည်း ပြည်တွင်း ပြည်ပ သတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။ အမည်မဖော်လိုတဲ့ ဝါရှင်တန်က အရာရှိတချို့ကတော့ နျူးကလီးယား ကင်းစင်ရေး မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဆန္ဒနဲ့ ပတ်သက်ပြီး သမ္မတ Trump ကို ပိုပိုသာသာ ပြောခဲ့ကြတဲ့ တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေကို အပြစ်ဖို့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG