သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Moon ဝါရှင်တန်မှာတွေ့ဆုံမည်


အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ စီစဉ်ထားတဲ့အတိုင်းဖြစ်အောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို အမေရိကန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေ တနင်္ဂနွေနေ့က ဆွေးနွေးကြပါတယ်။

စင်္ကာပူနို်င်ငံမှာ ဇွန်လ ၁၂ ရက်နေ့ကျရင် လုပ်ဖို့စီစဉ်ထားတဲ့ သမိုင်းဝင် ထိပ်သီးအစည်းအဝေးမတိုင်ခင် မြောက်ကိုရီးယားဘက် က အဟန့်အတားဖြစ်အောင် လုပ်လာတွေကို အကောင်းဆုံး ဘယ်လိုရင်ဆိုင်ကြမယ်ဆိုတာ တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ သမ္မတ Donald Trumpတို့ တနင်္ဂနွေနေ့က မိနစ် ၂၀ ကြာ ဖုန်းဆက်ဆွေးနွေးကြပါတယ်။ ဇွန်လ ထိပ်သီး အစည်းအဝေးဟာ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေရဲ့ ပထမဆုံး အစည်းအဝေးဖြစ်မှာပါ။

“မကြာသေးခင်ကာလတွေအတွင်း မြောက်ကိုရီးယားဘက်က လုပ်ဆောင်ချက်အမျိုးမျိုးအပေါ် ခေါင်းဆောင်နှစ်ဦးအကြား အမြင် ဖလှယ်ကြတယ်” လို့ သမ္မတ Moon Jae-in ရဲ့ ပြောခွင့်ရ Yoon Young-chan ကပြောပါတယ်။

ထရမ့်ပ်-Kim ထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ ခေါင်းဆောင်နှစ်ဦးအနေနဲ့ “သူတို့ကြား အနီးကပ် ဆွေးနွေး ညှိနှိုင်းတာတွေ ဆက်လုပ်သွားမယ်” လို့ သမ္မတအိမ်ဖြူတော် ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

သမ္မတထရမ့်ပ်နဲ့ သမ္မတ Moon တို့ဟာ အင်္ဂါနေ့ကျရင် ဝါရှင်တန်မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား စစ်ရေးလေ့ကျင့်မှု ဆက်လုပ်နေတာကို မြောက်ကိုရီးယားက သူတို့နိုင်ငံကို ကျူးကျော် တိုက်ခိုက်ဖို့ လေ့ကျင့်နေတာလို့ပြောပြီး ဇွန်လ ထိပ်သီးအစည်းအဝေးကို ဖျက်ပစ်မယ့်သဘောမျိုး ပြီးခဲ့တဲ့သီတင်းပတ်က ခြိမ်းခြောက် ပြောဆိုတာပါ။

Trump နဲ့ Moon ဝါရှင်တန်မှာတွေ့ဆုံမည်
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG