သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ပိတ်ပွဲ သမ္မတသမီး Ivanka Trump တက်ရောက်မည်


အမေရိကန်သမ္မတ Donald Trump ရဲ့ သမီး Ivanka Trump နှင့် တောင်ကိုးရီးယားသမ္မတ Moon
အမေရိကန်သမ္မတ Donald Trump ရဲ့ သမီး Ivanka Trump နှင့် တောင်ကိုးရီးယားသမ္မတ Moon

တောင်ကိုရီးယားနိုင်ငံ၊ Pyeongchang မြို့မှာကျင်းပနေတဲ့ အိုလံပစ်အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားသွားတက်တဲ့ Ivanka Trump ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း သံတမန်ရေးဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှု တခုခုရလာလိမ့် မယ်လို့ မျှော်လင့်ထားသူ မရှိသလောက်ပါပဲ။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့သမီးဖြစ်သူ Ivank Trump ဟာ တောင်ကိုရီးယားသမ္မတ Moon Jae-In နဲ့ အိမိပြာ တော်လို့သိကြတဲ့ တောင်ကိုရီးယားသမ္မတအိမ်တော်မှာ သောကြာနေ့က သွားတွေ့ပါတယ်။ အိုလံပစ်အားကစားပွဲကို အိမ်ရှင် အဖြစ်လက်ခံကျင်းပတဲ့အတွက် ချီးကျူးတဲ့အကြောင်းနဲ့ သမ္မတနဲ့ သမ္မတကတော်တို့ရဲ့ ဧည့်ဝတ်ပြူငှာမှုအတွက် ကျေးဇူးတင် ကြောင်း Ivanka Trump က ပြောပါတယ်။

မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်မယ့် ကြေညာချက်နဲ့ပတ်သက်ပြီး သမ္မတထရမ့်ပ်က သမ္မတ Moon ကို ပါးလိုက်တဲ့ သတင်းစကားကိုလည်း Ivanka Trump က ပြောပြပါတယ်။ မြောက်ကိုရီးယားအပေါ် အမြင့်မားဆုံး ပူးတွဲဖိအားပေး ရေး နှစ်နိုင်ငံ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး Ivanka Trump နဲ့ သမ္မတ Moon တို့ ဆွေးနွေးကြပါတယ်။

Ivanka Trump နဲ့ သမ္မတအိမ်ဖြူတော် အကြီးတန်းအကြံပေးပုဂ္ဂိုလ်တဦးတို့ဟာ ဆိုးလ်မြို့တော်ကို ခရီးသည်တင်လေယာဉ်နဲ့ သောကြာနေ့က ရောက်သွားကြတာပါ။ Ivanka Trump ဟာ သောကြာနေ့ တွေ့ဆုံပွဲတွေကလွဲပြီး နိုင်ငံရေးကိစ္စတွေ မလုပ်ဘဲ အိုလံပစ်အားကစားပွဲ အစီအစဉ်တွေကိုပဲ တက်ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG