သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားထိပ်သီး ရလဒ် သမ္မတ Trump အကောင်းမြင်


တောင်နဲ့မြောက်ကိုရီးယား ခေါင်းဆောင် ၂ ယောက်ကြား သောကြာနေ့က သမိုင်းဝင်တေ့ွဆုံပွဲမှာ Nuclear ကင်းစင်ပပျောက်ရေးအတွက် Kim Jong Un ပေးခဲ့တဲ့ကတိတွေအတွက် အကောင်းမြင်တယ်လို့ အမေရိကန်သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဖက်က ကစားနေတယ်လို့ သူမထင်ကြောင်းနဲ့ ခုအခြေအနေမျိုးအထိ ဘယ်တုန်းကမှ မရောက်ခဲ့ဖူးဘူးလို့ အိမ်ဖြုတော်မှာ ဂျာမနီဝန်ကြီးချုပ်နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ သမ္မတ Trump ကပြောခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဖက်ကို ပထမဆုံးလာရောက်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တယောက်ဖြစ်တဲ့ Kim Jong Un ဟာ သောကြာနေ့က တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ သမိုင်းဝင် တေ့ွဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်ပပျောက်ရေး အကောင်အထည်ဖော်ဖို့နဲ့ ကိုရီးယားစစ်ပွဲကို တရားဝင်အဆုံးသပ်ရေး ဆွေးနွေးဖို့ ခေါင်းဆောင် ၂ ယောက်သဘောတူညီခဲ့ကြပါတယ်။

မြောက်ကိုရီးယားအစိုးရဖက်က အလားတူ ကတိတွေပေးခဲ့ပေမဲ့ လက်တွေ့မလုပ်ခဲ့တဲ့အတွက် ဒီတခါရော တကယ်စစ်မှန်တဲ့ ကတိဖြစ်မလားဆိုတဲ့ အမေးကိုတော့ သမ္မတ Trump က သူ့ဖက်က အညာခံမှာ မဟုတ်ဘူးလို့ ဖြေခဲ့ပါတယ်။ Kim Jong Un နဲ့သူတေ့ွဆုံဆွေးနွေးပွဲကို မကြာခင်လုပ်မှာဖြစ်တယ်လို့သမ္မတ Trump ကဆိုပေမဲ့ အချိန်အတိအကျကိုတော့ မပြောပါဘူး။ ထိပ်သီးတွေ့ဆုံပွဲ ဘယ်မှာလုပ်မယ်ဆိုတာ တာဝန်ရှိသူတွေက ၂ နေရာ ၃ နေရာလောက် စဉ်းစားထားတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG