သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင် မြောက် ကိုရီးယားခေါင်းဆောင် ၂ ဦး Panmunjom မှာ တွေ့ဆုံ


တောင် မြောက် ကိုရီးယားခေါင်းဆောင် ၂ ဦး Panmunjom မှာ တွေ့ဆုံ/
တောင် မြောက် ကိုရီးယားခေါင်းဆောင် ၂ ဦး Panmunjom မှာ တွေ့ဆုံ/

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae In တို့ဟာ Panmunjom မှာ တွေ့ဆုံနေကြပြီဖြစ်ပါတယ်။

ကိုရီးယားနှစ်နိုင်ငံအကြား ဆယ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်၊ ၁၉၅၀-၅၃ ခုနှစ်အထိဖြစ်ခဲ့တဲ့ ကိုရီးယားစစ်ပွဲ အပစ်ရပ် စာချုပ် ချုပ်ဆိုပြီးကတည်းကဆိုရင် တတိယအကြိမ်ဖြစ်မယ့် အခုထိပ်သီးဆွေးနွေးပွဲကို နှစ်နိုင်ငံကြား၊ စစ်မဲ့ဇုန်ဒေသ တောင်ကိုရီးယားဘက်ခြမ်းမှာ ကျင်းပနေတာဖြစ်ပါတယ်။

Kim Jong Un ဟာ ပြုံယမ်းမြို့တော်ကနေ နယ်စပ်ကိုသွားပြီး တောင်ကိုရီးယားနိုင်ငံဘက်ကို နယ်စပ်ဖြတ်ပြီး လမ်းလျှောက်ဝင် သွားခဲ့ပြီးတော့ သမ္မတ Moon Jae In က သူ့ကို စောင့်ကြိုနေခဲ့တာဖြစ်ပါတယ်။

လာမယ့် ဇွန်လဆန်းလောက်ကျရင်လည်း Kim Jong Un နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ တွေ့ဆုံဖို့အစီအစဉ် ရှိပါတယ်။

XS
SM
MD
LG