သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုးရီးယား သမ္မတ နဲ့ Trump အိမ်ဖြူတော်မှာ တွေ့မည်


အမေရိကန်သမ္မတ Donald Trump နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ ဒီကနေ့ အိမ်ဖြူတော်မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့ကျရင် စင်္ကာပူမှာ သမ္မတ Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံကြမယ့်ကိစ္စနဲ့ မြောက်ကိုရီးယားရဲ့ Nuclear ကင်းစင်ရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးကြမှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ကလည်း သမ္မတ Trump နဲ့ သမ္မတ Moon တို့ တယ်လီဖုန်းပေါ်ကနေ မိနစ် ၂၀ လောက်ကြာအောင် ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် မြောက်ကိုရီယားက အမေရိကန်သမ္မတနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာကို ဖျက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက်မှာ ခုလို အမေရိကန်သမ္မတနဲ့ တောင်ကိုရီးယားသမ္မတို့ ဆွေးနွေးကြတာဖြစ်ပါတယ်။

မြောက်ကိုရီးယားဖက်က လုပ်ဆောင်ချက်အမျိုးမျိုးအပေါ် ခေါင်းဆောင် ၂ ယောက်ကြား အမြင်ဖလှယ်တာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ Trump နဲ့ Kim Jong Un တို့ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် တောင်ကိုရီးယားသမ္မတနဲ့ အနီးကပ်ဆက်ပြီး ညှိနှိုင်းဆွေးနွေးသွားမယ်လို့ အိမ်ဖြူတော်ကလည်း ပြောကြားထားပါတယ်။

တောင်ကိုးရီးယား သမ္မတ နဲ့ Trump အိမ်ဖြူတော်မှာ တွေ့မည်
please wait

No media source currently available

0:00 0:00:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG