သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆီးရီးယားအပစ္ရပ္ ဆံုးျဖတ္ခ်က္ ႐ု႐ွား-တ႐ုတ္ ဗီတိုသံုး ပိတ္ပင္


ဆီရီးယားႏုိ္င္ငံအတြင္း ျဖစ္ပြားေနတဲ့ ျပည္တြင္းစစ္ဆိုင္ရာ ကုလသမဂၢ လုံျခံဳေရးေကာင္စီ ဆုံးျဖတ္ခ်က္ မူၾကမ္းကို ရုရွားနဲ႔ တရုတ္ႏိုင္ငံတို႔က ၾကာသပေတးေန႔က ပူးတြဲ ဗီတိုအာဏာသုံး ပယ္ခ်ခဲ့ပါတယ္။

အဲဒီ ဆုံးျဖတ္ခ်က္ဟာ ဆီးရီးယားႏို္င္ငံက စစ္ျဖစ္ပြားေနတဲ့ အေနာက္ ေျမာက္ပိုင္းအတြင္း အပစ္အခတ္ရပ္စဲေရး ရရွိဖို႔နဲ႕ Idlib ျပည္နယ္အတြင္း လူသားခ်င္း စာနာ ေထာက္ထားေရးဆိုင္ရာ ၀န္ထမ္းေတြ ေဒသ အတြင္း အတားအဆီး မရွိဘဲ ၀င္ေရာက္ခြင့္ေပးဖို႔ ရည္ရြယ္ခဲ့တာပါ။ ဆုံးျဖတ္ခ်က္ မူၾကမ္းကို ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီနဲ႔ ကူ၀ိတ္ႏုိ္င္ငံတို႔က ဦးေဆာင္ တင္သြင္းခဲ့တာ ျဖစ္ပါတယ္။

ကုလသမဂၢဆိုင္ရာ ဂ်ာမနီသံအမတ္ၾကီး Christoph Heusgen က လုံျခံဳေရးေကာင္စီအေနနဲ႔ ႏွဳတ္ဆိတ္ေနလို႔ မရဘဲ အေရးယူ ေဆာင္ရြက္ရမွာျဖစ္ေၾကာင္း ဒီအတြက္ အပစ္အခတ္ ရပ္စဲေရးနဲ႔ လူသားခ်င္း စာနာမႈဆိုင္ရာ ဆုံးျဖတ္ခ်က္ မူၾကမ္းကို တင္သြင္းရျခင္း ျဖစ္ေၾကာင္း ေျပာပါတယ္။

ရုရွားႏုိ္င္ငံကေတာ့ ဒီ ဆုံးျဖတ္ခ်က္မူၾကမ္းဟာ အၾကမ္းဖက္သမားေတြကို တိုက္ခိုက္ေခ်မွဳန္းေနတာကို လစ္လွ်ဴရွဳထားတာျဖစ္ျပီး ရွဳံးနိမ့္ဖို႔ဘက္ကိုသာ ဦးတည္ေနခဲ့တာျဖစ္ေၾကာင္း ေျပာပါတယ္။ ရုရွားႏုိ္င္ငံဟာ ဆီရီးယား စစ္ပြဲ ၂၀၁၁ ခုႏွစ္မွာ စတင္ခဲ့ခ်ိန္ကစလို႔ ဗီတိုအာဏာ အသုံးျပဳခဲ့တာ ၁၃ ၾကိမ္ ရွိခဲ့ျပီျဖစ္ပါတယ္။ ရုရွားနဲ႔ တရုတ္ႏုိ္င္ငံတို႔ဟာ ဂ်ာမနီ၊ ဘယ္လ္ဂ်ီယံနဲ႔ ကူ၀ိတ္တို႔ ဦးေဆာင္တင္သြင္းတဲ့ ဆုံျဖတ္ခ်က္ မူၾကမ္းအစား သူတို႔ ႏွစ္ႏုိ္င္ငံကိုယ္တိုင္ ဆုံးျဖတ္ခ်က္ မူၾကမ္း တစ္ခု တင္သြင္းခဲ့ရာမွာ သူတို႔ကိုယ္တိုင္ေပးတဲ့ ေထာက္ခံမဲ ႏွစ္မဲသာ ရရွိခဲ့ပါတယ္။

ရုရွား ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ဆီရီးယား ေလတပ္ဟာ အတိုက္အခံေတြ ေနာက္ဆုံး ေျခကုတ္ယူထားတဲ့ Ildib ေဒသအတြင္း ေလေၾကာင္းက စစ္ဆင္မႈေတြ လုပ္ေနတာ လနဲ႔ခ်ီ ၾကာျမင့္ ခဲ့ျပီျဖစ္ပါတယ္။ Ildib ျပည္နယ္အတြင္း ေနထိုင္သူ ၃ သန္းရွိေက်ာ္ ရွိျပီး ႏိုင္ငံ အတြင္း တစ္ျခား ေဒသေတြဆီက စစ္ေရွာင္လာတဲ့ ဆီရီးယားျပည္သူေတြသာမက အဲဒီ ျပည္နယ္ဟာ ႏုိ္င္ငံျခားသား တိုက္ခိုက္ေရးသမား မ်ားနဲ႔ အၾကမ္းဖက္ သမားမွာ ခုိလွဳံေနတဲ့ ျပည္နယ္လည္း ျဖစ္ပါတယ္။

.......................

(Unicode)

ဆီရီးယားနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ကြာသပတေးနေ့က ပူးတွဲ ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ဟာ ဆီးရီးယားနိုင်ငံက စစ်ဖြစ်ပွားနေတဲ့ အနောက် မြောက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေး ရရှိဖို့နဲ့ Idlib ပြည်နယ်အတွင်း လူသားချင်း စာနာ ထောက်ထားရေးဆိုင်ရာ ဝန်ထမ်းတွေ ဒေသ အတွင်း အတားအဆီး မရှိဘဲ ဝင်ရောက်ခွင့်ပေးဖို့ ရည်ရွယ်ခဲ့တာပါ။ ဆုံးဖြတ်ချက် မူကြမ်းကို ဘယ်လ်ဂျီယံ၊ ဂျာမနီနဲ့ ကူဝိတ်နိုင်ငံတို့က ဦးဆောင် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဂျာမနီသံအမတ်ကြီး Christoph Heusgen က လုံခြုံရေးကောင်စီအနေနဲ့ နှုတ်ဆိတ်နေလို့ မရဘဲ အရေးယူ ဆောင်ရွက်ရမှာဖြစ်ကြောင်း ဒီအတွက် အပစ်အခတ် ရပ်စဲရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို တင်သွင်းရခြင်း ဖြစ်ကြောင်း ပြောပါတယ်။

ရုရှားနိုင်ငံကတော့ ဒီ ဆုံးဖြတ်ချက်မူကြမ်းဟာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ချေမှုန်းနေတာကို လစ်လျှူရှုထားတာဖြစ်ပြီး ရှုံးနိမ့်ဖို့ဘက်ကိုသာ ဦးတည်နေခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ ရုရှားနိုင်ငံဟာ ဆီရီးယား စစ်ပွဲ ၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ချိန်ကစလို့ ဗီတိုအာဏာ အသုံးပြုခဲ့တာ ၁၃ ကြိမ် ရှိခဲ့ပြီဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ ဂျာမနီ၊ ဘယ်လ်ဂျီယံနဲ့ ကူဝိတ်တို့ ဦးဆောင်တင်သွင်းတဲ့ ဆုံဖြတ်ချက် မူကြမ်းအစား သူတို့ နှစ်နိုင်ငံကိုယ်တိုင် ဆုံးဖြတ်ချက် မူကြမ်း တစ်ခု တင်သွင်းခဲ့ရာမှာ သူတို့ကိုယ်တိုင်ပေးတဲ့ ထောက်ခံမဲ နှစ်မဲသာ ရရှိခဲ့ပါတယ်။

ရုရှား ကျောထောက်နောက်ခံပြုထားတဲ့ ဆီရီးယား လေတပ်ဟာ အတိုက်အခံတွေ နောက်ဆုံး ခြေကုတ်ယူထားတဲ့ Ildib ဒေသအတွင်း လေကြောင်းက စစ်ဆင်မှုတွေ လုပ်နေတာ လနဲ့ချီ ကြာမြင့် ခဲ့ပြီဖြစ်ပါတယ်။ Ildib ပြည်နယ်အတွင်း နေထိုင်သူ ၃ သန်းရှိကျော် ရှိပြီး နိုင်ငံ အတွင်း တစ်ခြား ဒေသတွေဆီက စစ်ရှောင်လာတဲ့ ဆီရီးယားပြည်သူတွေသာမက အဲဒီ ပြည်နယ်ဟာ နိုင်ငံခြားသား တိုက်ခိုက်ရေးသမား များနဲ့ အကြမ်းဖက် သမားမှာ ခိုလှုံနေတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG