သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS တွေကို ဖမ်းဆီးထားတဲ့ Syria အကျဉ်းထောင်စိတ်မချရ


ဖမ်းဆီးရမိတဲ့ ထောင်နဲ့ချီတဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ အခြေအနေဟာ ဆိုးဝါးတဲ့ အနေထားကို ရောက်လာတဲ့ပုံ တွေ့နေရတာဟာ အိုင်အက်စ် အဖွဲ့ရဲ့ ဆီးရီးယားနဲ့ အီရတ်မှာ သူတို့ ပြန်ပြီး အင်အားခိုင်မာအောင် လုပ်ဆောင်ဖို့ အတွက် အထောက်အကူပေးလာနိုင်ချေ ရှိနေပါတယ်။

ဒီအကျဉ်းထောင်တွေကို အမေရိကန် အထောက်အပံ့ပေးထားတဲ့ဆီးရီးယား ဒီမိုကရက်တစ် တပ်ဦး SDF က ဦးစီးဆောင်ရွက်နေတာ ဖြစ်ပြီး ဒီထောင်တွေဟာ အိုင်အက်စ်တွေကို ထိန်းထားဖို့ ကောင်းမွန်တဲ့ အနေထားမှာ ရှိတယ်လို့ တာဝန်ခံအရာရှိတွေက လအတော်ကြာ ပြောခဲ့ကြတာပါ။ ထိန်းသိမ်း ထားသူ အများစုဟာ အိုင်အက်စ်တွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ ဆီးရီးယားက နောက်ဆုံးလက်ကျန် Baghuz မြို့မတ်လထဲ ကျသွားချိန်မှာ အဖမ်းခံခဲ့ရတဲ့ အိုင်အက်စ် အဖွဲ့က တိုက်ခိုက်ရေး သမားတွေ ဖြစ်ပါတယ်။

အဖမ်းခံနေရတာ အချိန်ကြာလာတာနဲ့ အမျှ ဒီအကျဉ်းထောင်တွေဟာ မသင့်တော်တော့ဘူးလို့ ပင်တာဂွန်က အိုင်အက်စ် ခြေမှုန်းရေး ဌာန အကြီးအကဲ Chris Maier က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အကျဉ်းထောင် လုပ်ထားတဲ့ နေရာတွေဟာ ကျောင်းလို့ ဆောက်အဦးတွေ ဖြစ်နေပြီး အ ကျဉ်းသားတွေ တဖြေးဖြေး တိုးလာတဲ့ အနေထားကြောင့် လုံခြုံရေး အရ စိုးရိမ်စရာ ဖြစ်လာနေတာပါ။

(ယူနီကုဒ်)






တိုက်ရိုက် လင့်ခ်

XS
SM
MD
LG