သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲ ေႏွာင့္ယွက္သူ ရုရွားလုပ္ငန္းရွင္ ကန္အေရးယူ


အေမရိကန္ ေရြးေကာက္ပြဲေတြမွာ ရုရွားရဲ႕ ၾကား၀င္ေႏွာင့္ယွက္မႈေတြနဲ႔ ဆက္စပ္ၿပီး Internet Research Agency နဲ႔ ဒီလုပ္ငန္း အတြက္ ေငြေၾကး မတည္ေပးသူ Yevgeny Prigozhin တို႔နဲ႔ ဆက္စပ္တဲ႔ လုပ္ငန္းေတြနဲ႔ လူပုဂၢိဳလ္ေတြ အေပၚ အေမရိကန္ အစိုးရက ျပစ္ဒဏ္ခတ္ အေရးယူမႈ ခ်မွတ္ပါတယ္။

Yevgeny Prigozhin ကို အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနက တိုးျမွင့္ ဖိအားေပးမႈမွာ သူေထာက္ပံ႔ထားတဲ႔ ၂၀၁၈ ခုႏွစ္ အေမရိကန္ ၾကားကာလ ေရြးေကာက္ပြဲေတြ အေပၚ ၾကား၀င္ေႏွာင့္ယွက္ဖို႔ ႀကိဳးစားမႈနဲ႔ ဆက္စပ္တဲ႔ Internet Research Agency တင္မဟုတ္ဘဲ သူရဲ႕ ကိုယ္ပိုင္ ေလယာဥ္ေတြနဲ႔ ဇိမ္ခံ သေဘာၤ တစင္း အပါအ၀င္ ပုဂၢလိက ပိုင္ဆိုင္မႈေတြလည္း ပါ၀င္တယ္လို႔ အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာနရဲ႕ တနလာၤေန႔ထုတ္ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

စိန္႔ပီတာစဘဂ္ အေျခစိုက္ Internet Research Agency က ရုရွားရဲ႕ အင္တာနက္ကေန Troll လုပ္တဲ႔ လုပ္ငန္းႀကီး အျဖစ္ သိရွိထားၿပီး ပိုင္ရွင္ျဖစ္တဲ႔ ရုရွား အစိုးရနဲ႔ အဆက္အစပ္ရွိတဲ႔ စီးပြားေရး လုပ္ငန္းရွင္ဟာ ဆိုရင္လည္း အေမရိကန္ အထူးစံုစမ္းေရးမွဴး Robert Muller ရဲ႕ ၂၀၁၆ ခုႏွစ္ အေမရိကန္ သမၼတ ေရြးေကာက္ပြဲ အေပၚ ရုရွားရဲ႕ ေႏွာင့္ယွက္မႈ ဆိုင္ရာ အစီရင္ခံစာမွာ အႀကိမ္ႀကိမ္ ရည္ညႊန္းေဖာ္ျပခံခဲ႔ရသူ ျဖစ္ပါတယ္။

Prigozhin နဲ႔ Internet Research Agency ရဲ႕ လုပ္ရပ္ေတြေၾကာင့္ ၂၀၁၈ ခုႏွစ္ ေရြးေကာက္ပြဲေတြရဲ႕ တရား၀င္မႈေပၚမွာေတာ့ ထိခိုက္မႈ မရွိခဲ႔ဘူးလို႔ တနလာၤေန႔ထုတ္ ဘ႑ာေရး ၀န္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။ ရုရွား အေပၚ ဒဏ္ခတ္အေရးယူမႈ အသစ္မွာေတာ့ Internet Research Agency နဲ႔ ပတ္သက္မႈ ရွိတယ္လို႔ ယံုၾကည္ရတဲ႔ ရုရွား ႏုိင္ငံသား ၆ ဦးနဲ႔ Seychelles မွတ္ပံုတင္ တရား၀င္ လုပ္ငန္း သံုးခုတို႔ ပါ၀င္ပါတယ္။

...............

{Unicode}

ရွေးကောက်ပွဲ နှောင့်ယှက်သူ ရုရှားလုပ်ငန်းရှင် ကန်အရေးယူ

အမေရိကန် ရွေးကောက်ပွဲတွေမှာ ရုရှားရဲ့ ကြားဝင်နှောင့်ယှက်မှုတွေနဲ့ ဆက်စပ်ပြီး Internet Research Agency နဲ့ ဒီလုပ်ငန်း အတွက် ငွေကြေး မတည်ပေးသူ Yevgeny Prigozhin တို့နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေ အပေါ် အမေရိကန် အစိုးရက ပြစ်ဒဏ်ခတ် အရေးယူမှု ချမှတ်ပါတယ်။ Yevgeny Prigozhin ကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တိုးမြှင့် ဖိအားပေးမှုမှာ သူထောက်ပံ့ထားတဲ့ ၂၀၁၈ ခုနှစ် အမေရိကန် ကြားကာလ ရွေးကောက်ပွဲတွေ အပေါ် ကြားဝင်နှောင့်ယှက်ဖို့ ကြိုးစားမှုနဲ့ ဆက်စပ်တဲ့ Internet Research Agency တင်မဟုတ်ဘဲ သူရဲ့ ကိုယ်ပိုင် လေယာဉ်တွေနဲ့ ဇိမ်ခံ သဘောၤ တစင်း အပါအဝင် ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေလည်း ပါဝင်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ တနလာၤနေ့ထုတ် ကြေညာချက်မှာ ဖော်ပြပါတယ်။

စိန့်ပီတာစဘဂ် အခြေစိုက် Internet Research Agency က ရုရှားရဲ့ အင်တာနက်ကနေ Troll လုပ်တဲ့ လုပ်ငန်းကြီး အဖြစ် သိရှိထားပြီး ပိုင်ရှင်ဖြစ်တဲ့ ရုရှား အစိုးရနဲ့ အဆက်အစပ်ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ဟာ ဆိုရင်လည်း အမေရိကန် အထူးစုံစမ်းရေးမှူး Robert Muller ရဲ့ ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အပေါ် ရုရှားရဲ့ နှောင့်ယှက်မှု ဆိုင်ရာ အစီရင်ခံစာမှာ အကြိမ်ကြိမ် ရည်ညွှန်းဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။

Prigozhin နဲ့ Internet Research Agency ရဲ့ လုပ်ရပ်တွေကြောင့် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွေရဲ့ တရားဝင်မှုပေါ်မှာတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ တနလာၤနေ့ထုတ် ဘဏ္ဍာရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြပါတယ်။ ရုရှား အပေါ် ဒဏ်ခတ်အရေးယူမှု အသစ်မှာတော့ Internet Research Agency နဲ့ ပတ်သက်မှု ရှိတယ်လို့ ယုံကြည်ရတဲ့ ရုရှား နိုင်ငံသား ၆ ဦးနဲ့ Seychelles မှတ်ပုံတင် တရားဝင် လုပ်ငန်း သုံးခုတို့ ပါဝင်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG