သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး Pompeo ကို ကန်အောက်လွှတ်တော်ရေးရာကော်မီတီ ဆင့်ခေါ်


သမ္မတ ဒေါ်နယ်ထရမ့်အပေါ် တရားစွဲဆိုနိုင်ရေး စုံစမ်းနေတဲ့ အမေရိကန်အောက်လွှတ်တော်က ယူကရိန်းနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ လာရောက် ထွက်ဆိုဖို့ နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုကို ဆင့်ခေါ်လိုက်ပါတယ်။

အောက်လွှတ်တော် ရေးရာ ကော်မတီ ၃ ခုတို့ရဲ့ အကြီးအကဲတွေက မိုက် ပွန်ပီယို ကို အဲဒီ အထောက်အထားတွေ လာရောက်တင်ပြဖို့ အချိန် တပတ် ပေးထားပြီး နောက် နိုင်ငံခြားရေး အရာရှိကြီး ၅ ဦးကိုလည်း လာရောက် သက်သေခံဖို့ အချိန် သီတင်း၂ ပတ် ပေးထားပါတယ်။

၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ ယူကရိန်း ဝင်ရောက်စွက်ဖက်အောင် ဖိအားပေးခဲ့ပြီး ရုရှား ကျူးကျော်မှုကို တန်ပြန်နိုင်အောင် ယူကရိန်းကို လုံခြုံရေး အထောက်အပံ့ မပေးဘဲ ထားခဲ့တဲ့အတွက် သမ္မတ ထရမ့်ဟာ အမေရိကန် အမျိုးသားလုံခြုံရေးကို ဘယ်အတိုင်းအတာအထိ အန္တရာယ် ကျရောက်စေသလဲဆိုတာ စုံစမ်းစစ်ဆေးနေတာ ဖြစ်တယ်လို့ အောက်လွှတ်တော် ရေးရာ ကော်မတီတွေက ဆိုပါတယ်။ သတင်းပေးတဦးရဲ့ ဖွင့်ထုတ်ချက်ကို အခြေခံပြီး စုံစမ်းစစ်ဆေးမှု စတင်လာတာ လည်း ဖြစ်ပါတယ်။

သောကြာနေ့ အစောပိုင်းတုန်းကတော့ အောက်လွှတ်တော် ကြားနာမှု တခုမှာ သူ့ကို လွဲမှားစွာ ကိုယ်စားပြုခဲ့တယ်ဆိုတဲ့ ထောက်လှမ်းရေး ကော်မတီအကြီးအကဲ ဒီမိုကရက်အမတ် Adam Schiff ရာထူးက နုတ်ထွက်ဖို့ သမ္မတ ထရမ့် တောင်းဆိုခဲ့ပါတယ်။

...................

{Unicode}






တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG