သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အပေါ် အရေးယူဖို့ စုံစမ်းမယ့်အကြောင်းရင်း အောက်လွှတ်တော်ဥက္ကဋ္ဌရှင်းလင်း


အမေရိကန်သမ္မတရဲ့ လုပ်ရပ်ဟာ နိုင်ငံ့လုံခြုံရေးကို ထိခိုက်လာတဲ့အတွက် Democrat တွေဖက်က တရားစွဲဖို့ စုံစမ်းမှု စတင်ခဲ့ရတာဖြစ်တယ်လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကပြောကြားလိုက်ပါတယ်။

Democrat ပါတီဖက်ကနေ သမ္မတလောင်းဝင်အရွေးခံဖို့ ကြိုးစားနေတဲ့ ဒုသမ္မတဟောင်း Joe Biden နဲ့သူ့သား အပေါ်စုံစမ်းဖို့ Ukraine သမ္မတကိုပြောခဲ့တာက အမျိုးသားလုံခြုံရေးကိုထိခိုက်တဲ့ကိစ္စဖြစ်လို့ တခြားရွေးစရာလမ်းမရှိဘဲ တရားစွဲနိုင်ဖို့ စတင်စုံစမ်းရတာဖြစ်တယ်လို့ Nancy Pelosi က MSNBC သတင်းဌာနနဲ့ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။

၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ နိုင်ငံခြားအစိုးရတခုက ဝင်စွက်ဖက်အောင် သမ္မတ Trump ကသူ့သမ္မတရာထူးကို အသုံးချ ဆောင်ရွက်နေတယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတော်တော်များများဆီကရရှိတဲ့ အချက်အလက်တွေနဲ့ အမည်မဖော်လိုသူတဦးက ထောက်လှမ်းရေး စစ်ရေးရေးမှူးချုပ်ကို အတွင်းသတင်းပေး တိုင်ကြားခဲ့တာပါ။

ယူကရိန်းရေနံကုမ္ပဏီတခုမှာ အလုပ်လုပ်ခဲ့တဲ့ Joe Biden ရဲ့သားအပေါ် စုံစမ်းပေးဖို့ သမ္မတ Donald Trump ကယူကရိန်းသမ္မတကို ဖုန်းဆက်သွယ် တိုက်တွန်းခဲ့ပြီးနောက် အဲဒီဆက်သွယ်ပြောကြားမှုတွေ မပေါက်ကြားအောင်လည်း အိမ်ဖြူတော်က ဖုံးကွယ်ထားဖို့ကြိုးစားခဲ့တယ်လို့ တိုင်ကြားချက်ထဲမှာ ဖော်ပြထားပါတယ်။ အတွင်းသတင်းပေး တိုင်ကြားခဲ့မှုနဲ့ ပတ်သက်လို့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှာ ကြာသပတေးနေ့က ကြားနာခဲ့ပါတယ်။

အမျိုးသားထောက်လှမ်းရေး ယာယီညွှန်မှူး Joseph Maguire ကိုလွှတ်တော်အမတ်တွေ မေးခွန်းထုတ်ခဲ့ကြတာမှာ တိုင်ကြားတဲ့ကိစ္စက သမ္မတလုပ်ပိုင်ခွင့်နဲ့ဆိုင်နေတယ်လို့ သူယုံကြည်တဲ့အတွက် လွှတ်တော်ကို အသိမပေးတာဖြစ်တယ်လို့ ယာယီညွန်မှူး Maguire ကကြားနာပွဲမှာ ပြောကြားခဲ့ပါတယ်။

လွှတ်တော် ကြားနာပွဲတချို့တဝက်ကို ရုပ်သံပေါ်မှာ ကြည့်ခဲ့တယ်လို့ဆိုတဲ့ သမ္မတက အောက်လွှတ်တော် Democrat အမတ်တွေရဲ့ လုပ်ရပ်က တိုင်းပြည်ကို သိက္ခာကျစေတယ်လို့ တုံ့ပြန်ပါတယ်။ ယူကရိန်းသမ္မတသစ်နဲ့ သူဆက်သွယ်ပြောခဲ့မှုမှာ အမှားလုံးဝမရှိခဲ့ကြောင်းနဲ့ ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ Adam Schiff နဲ့အဖွဲ့က လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးနေတာဖြစ်တယ်လို့ သမ္မတ Trump ကသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

.................

{Unicode}








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG