လာမယ့္ ၂၀၂၀ အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ ျပန္လည္ ေရြးေကာက္ခံရေရး အတြက္ အေမရိကန္ သမၼတ Donald Trump က ႏုိင္ငံျခား အစိုးရ တရပ္ရဲ႕ အကူအညီရဖို႔ ႀကိဳးစားခဲ႔တယ္ဆိုတဲ႔ စြပ္စြဲခ်က္ေတြနဲ႔ သမၼတ Trump အေပၚ တရားစြဲဆိုႏုိင္ေရး တရား၀င္ စံုစမ္းစစ္ေဆးမႈတရပ္ကို ေအာက္လႊတ္ေတာ္ ဥကၠဌ ဒီမိုကရက္ လႊတ္ေတာ္ အမတ္ Nancy Pelosi က ေၾကညာလိုက္ပါတယ္။
သမၼတကို တရားစြဲဆိုေရး အစီအစဥ္ကို ေထာက္ခံတဲ႔ ဒီမိုကရက္ လႊတ္ေတာ္ အမတ္ေတြ မ်ားလာခဲ႔ၿပီး လႊတ္ေတာ္တြင္းမွာ အဂၤါေန႔တေန႔လံုး ေအာက္လႊတ္ေတာ္ ဒီမ္ိုကရက္ ေခါင္းေဆာင္ေတြ စုေ၀းခဲ႔ၾကၿပီးေနာက္မွာ Nancy Pelosi က အခုလို ေၾကညာသြားတာပါ။
ဒီကေန႔ ဒီအခ်ိန္ထိ သမၼတရဲ႕ လုပ္ရပ္ေတြဟာ အေျခခံ ဥပေဒကို ဆိုးဆိုးရြားရြား ခ်ိဳးေဖာက္မႈ ျဖစ္ပါတယ္လို႔ Pelosi က ေျပာပါတယ္။ သမၼတ အေနနဲ႔ တာ၀န္ယူ တာ၀န္ခံရပါမယ္။ ဘယ္သူမွ ဥပေဒ အထက္မွာ မရွိဘူးလို႔ ေအာက္လႊတ္ေတာ္ ဥကၠဌ Pelosi က ေျပာဆိုသြားပါတယ္။
အထူးစံုစမ္းေရးမွဴး Robert Mueller ရဲ႕ ရုရွားအေရး အစီရင္ခံစာကို အရင္ခံၿပီး သမၼတဟာ တရားေရးကို ဟန္႔တား ေႏွာင့္ယွက္ခဲ႔ပါတယ္ဆိုတဲ႔ အေစာပိုင္း စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး သမၼတ Trump ကို တရားစြဲဆိုႏုိင္ေရး တရား၀င္ စံုစမ္းစစ္ေဆးမႈ စဖို႔ကို ေအာက္လႊတ္္ေတာ္ ဥကၠဌ Pelosi က လနဲ႔ခ်ီၿပီး ပယ္ခ်ထားတာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း ယူကရိန္း ေရနံ ကုမၸဏီ တခုမွာ သားျဖစ္သူ Hunter Biden က လစာေကာင္းတဲ႔ အလုပ္ရခဲ႔မႈနဲ႔ ပတ္သက္ၿပီး အေမရိကန္ ဒုတိယ သမၼတေဟာင္း ဒီမိုကရက္ သမၼတ ကိုယ္စားလွယ္ေလာင္း Joe Biden ကို စံုစမ္းစစ္ေဆးဖို႔ ယူကရိန္း သမၼတ Volodymyr Zelenskiy ကို မၾကာေသးခင္က သမၼတ Trump က တိုက္တြန္းခဲ႔တယ္ဆိုတဲ႔ သတင္းေတြနဲ႔ ပတ္သက္ၿပီး Pelosi အေပၚ ဖိအားေပးမႈေတြ ဒီရက္ပိုင္းေတြ အတြင္း ပိုၿပီး ျပင္းထန္လာခဲ႔တာပါ။ Joe Biden က ဒီမိုကရက္ ပါတီရဲ႕ သမၼတေလာင္း ျဖစ္လာဖို႔ အလားအလာရွိၿပီး ၂၀၂၀ ျပည့္ႏွစ္ သမၼတ ေရြးေကာက္ပြဲမွာ သမၼတ Trump ရဲ႕ ၿပိဳင္ဘက္ ျဖစ္လာႏုိင္ေျခ ရွိေနတာပါ။
သမၼတ Trump ဘက္ကေတာ့ ယူကရိန္း သမၼတနဲ႔ ဇူလိုင္လက ဖုန္းဆက္ ေျပာဆိုမႈ စာသား အျပည့္အစံုကို ဗုဒၶဟူးေန႔မွာ ထုတ္ျပန္မယ္လို႔ ေျပာဆိုထားပါတယ္။ ဒါေပမယ့္လည္း Pelosi နဲ႔ တျခား ဒီမိုကရက္ေတြကေတာ့ သမၼတ Trump အေပၚ စြပ္စြဲခ်က္ေတြက တယ္လီဖုန္း ဆက္သြယ္ ေျပာဆိုမႈတင္ မဟုတ္ဘူးလို႔ ေျပာပါတယ္။
ဇူလိုင္လ အတြင္း ယူကရိန္း သမၼတနဲ႕ တယ္လီဖုန္း ဆက္သြယ္ ေျပာဆိုမႈ မတိုင္ခင္ ရက္ပိုင္း အလုိမွာ ယူကရိန္းကို အကူအညီေပးမယ့္ ေဒၚလာ သန္း ၄၀၀ ကို ထိန္းခ်ဳပ္ထားဖို႔ ညႊန္ၾကားခဲ႔ေၾကာင္း သမၼတ Trump က အတည္ျပဳထားပါတယ္။ အေမရိကန္ အေထာက္အပံ႔ကို ယူကရိန္းက အထူးလိုလားေနတာကို သိရွိထားၿပီး Biden ကို စံုစမ္းစစ္ေဆးေရး Zeleinskiy ကို သမၼတ Trump က ဖိအားေပးခဲ႔သလားဆိုတာကို ဒီမိုကရက္ေတြက သိရွိလိုေနတာ ျဖစ္ပါတယ္။
.................
{Unicode}
သမ္မတ Trump ကို တရားစွဲနိုင်ရေး ကန်အောက်လွှတ်တော် စူးစမ်းမည်
လာမယ့် ၂၀၂၀ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ပြန်လည် ရွေးကောက်ခံရရေး အတွက် အမေရိကန် သမ္မတ Donald Trump က နိုင်ငံခြား အစိုးရ တရပ်ရဲ့ အကူအညီရဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သမ္မတ Trump အပေါ် တရားစွဲဆိုနိုင်ရေး တရားဝင် စုံစမ်းစစ်ဆေးမှုတရပ်ကို အောက်လွှတ်တော် ဥက္ကဌ ဒီမိုကရက် လွှတ်တော် အမတ် Nancy Pelosi က ကြေညာလိုက်ပါတယ်။
သမ္မတကို တရားစွဲဆိုရေး အစီအစဉ်ကို ထောက်ခံတဲ့ ဒီမိုကရက် လွှတ်တော် အမတ်တွေ များလာခဲ့ပြီး လွှတ်တော်တွင်းမှာ အင်္ဂါနေ့တနေ့လုံး အောက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင်တွေ စုဝေးခဲ့ကြပြီးနောက်မှာ Nancy Pelosi က အခုလို ကြေညာသွားတာပါ။
ဒီကနေ့ ဒီအချိန်ထိ သမ္မတရဲ့ လုပ်ရပ်တွေဟာ အခြေခံ ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှု ဖြစ်ပါတယ်လို့ Pelosi က ပြောပါတယ်။ သမ္မတ အနေနဲ့ တာဝန်ယူ တာဝန်ခံရပါမယ်။ ဘယ်သူမှ ဥပဒေ အထက်မှာ မရှိဘူးလို့ အောက်လွှတ်တော် ဥက္ကဌ Pelosi က ပြောဆိုသွားပါတယ်။
အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့ ရုရှားအရေး အစီရင်ခံစာကို အရင်ခံပြီး သမ္မတဟာ တရားရေးကို ဟန့်တား နှောင့်ယှက်ခဲ့ပါတယ်ဆိုတဲ့ အစောပိုင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သမ္မတ Trump ကို တရားစွဲဆိုနိုင်ရေး တရားဝင် စုံစမ်းစစ်ဆေးမှု စဖို့ကို အောက်လွှတ်တော် ဥက္ကဌ Pelosi က လနဲ့ချီပြီး ပယ်ချထားတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယူကရိန်း ရေနံ ကုမ္ပဏီ တခုမှာ သားဖြစ်သူ Hunter Biden က လစာကောင်းတဲ့ အလုပ်ရခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန် ဒုတိယ သမ္မတဟောင်း ဒီမိုကရက် သမ္မတ ကိုယ်စားလှယ်လောင်း Joe Biden ကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်း သမ္မတ Volodymyr Zelenskiy ကို မကြာသေးခင်က သမ္မတ Trump က တိုက်တွန်းခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး Pelosi အပေါ် ဖိအားပေးမှုတွေ ဒီရက်ပိုင်းတွေ အတွင်း ပိုပြီး ပြင်းထန်လာခဲ့တာပါ။ Joe Biden က ဒီမိုကရက် ပါတီရဲ့ သမ္မတလောင်း ဖြစ်လာဖို့ အလားအလာရှိပြီး ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Trump ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်ခြေ ရှိနေတာပါ။
သမ္မတ Trump ဘက်ကတော့ ယူကရိန်း သမ္မတနဲ့ ဇူလိုင်လက ဖုန်းဆက် ပြောဆိုမှု စာသား အပြည့်အစုံကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်မယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း Pelosi နဲ့ တခြား ဒီမိုကရက်တွေကတော့ သမ္မတ Trump အပေါ် စွပ်စွဲချက်တွေက တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှုတင် မဟုတ်ဘူးလို့ ပြောပါတယ်။
ဇူလိုင်လ အတွင်း ယူကရိန်း သမ္မတနဲ့ တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှု မတိုင်ခင် ရက်ပိုင်း အလိုမှာ ယူကရိန်းကို အကူအညီပေးမယ့် ဒေါ်လာ သန်း ၄၀၀ ကို ထိန်းချုပ်ထားဖို့ ညွှန်ကြားခဲ့ကြောင်း သမ္မတ Trump က အတည်ပြုထားပါတယ်။ အမေရိကန် အထောက်အပံ့ကို ယူကရိန်းက အထူးလိုလားနေတာကို သိရှိထားပြီး Biden ကို စုံစမ်းစစ်ဆေးရေး Zeleinskiy ကို သမ္မတ Trump က ဖိအားပေးခဲ့သလားဆိုတာကို ဒီမိုကရက်တွေက သိရှိလိုနေတာ ဖြစ်ပါတယ်။