သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်အမတ် ၂ ဦး အစ္စရေးလ်ပြည်ဝင်ခွင့်ပိတ်ပင်


အမေရိကန် ဒီမိုကရက် လွှတ်တော်အမတ် ၂ ဦး ဖြစ်တဲ့ Ilhan Omar နဲ့ Rashida Tlaib တို့ကို အစ္စရေးက မနေ့ က ပြည်ဝင်ခွင့်ပိတ်လိုက် ပါတယ်။ သူတို့နှစ်ဦးက အစ္စရေးနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့သလို ပါလက်စတိုင်း အပေါ်ထားတဲ့သူတို့ရဲ့ သဘောထားတွေကြောင့်အခုလို တားမြစ်လိုက်တာလို့ဆိုပါတယ်။

သူတို့ နှစ်ယောက်ဟာ မကြာခင်ရက်တွေအတွင်း အစ္စရေးနဲ့ အနောက်ဘက်ကမ်းက မြို့တော်တော်များ များ ကို သွားရောက်ဖို့ ပြင်ဆင်ထားကြတာပါ။ ဒီကမ္ဘာပေါ်မှာ အစ္စရေးတည်ရှိပိုင်ခွင့်ရှိတာကို မလိုလားတဲ့ သူတွေကို ပြည် ဝင်ခွင့် မပေး တာ တရားမျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အစ္စရေး နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး Tzipi Hotovely က ပြောပါတယ်။

ဒီအမျိုးသမီး နှစ်ယောက်ကို လက်ခံမယ်ဆိုရင် အစ္စရေးက သူ့ပျော့ညံ့ချက်ကို ပြရာ ရောက်လိမ့်မယ်လို့ ကြေညာချက် ထွက်လာပြီး မကြာခင်မှာပဲ သမ္မတ Trump က တွစ်တာ လူမှုကွန်ယက်မှာ ရေးခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးက အစ္စရေးကို မုန်းသလို ဂျူးလူမျိုးတွေ ကိုလည်း မုန်းတီးနေတဲ့ အပြင်သူတို့ စိတ်ဓာတ်တွေကို ဘယ်လိုမှပြင်လို့ရမှာ မဟုတ်ဘူးလို့ ရေးခဲ့ပါတယ်။

သမ္မတရဲ့ မှတ်ချက်က ဒီအမျိုးသမီးတွေကို မလေးစားရာရောက်သလို အစ္စရေးအနေနဲ့ ဒီလို ပြည်ဝင်ခွင့်ပိတ်တာက သာ ပျော့ညံံရာရောက်တာကို ပြသလိုက်တာလို့ အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi က တုံ့ပြန်ပါတယ်။

Ilhan Omar နဲ့ Rashida Tlaib တို့နှစ်ဦးရဲ့ အစ္စရေးအပေါ် မကြာခဏ ဝေဖန်ပြောဆိုနေတာတွေကြောင့် သူတို့ကို ဂျူးမုန်းတီးသူတွေ အဖြစ်စွပ်စွဲပြောဆိုကြတာပါ။ ဒီနှစ်အစောပိုင်းတုန်းက လူမှုကွန်ယက်မှာ Omar က ဂျူးတွေနဲ့ ပတ်သက်ပြီး စော်ကားတဲ့ အသုံးအနှုန်းတွေရေး သားခဲ့တဲ့ အတွက် ပါတီတွင်း ပြစ်တင်ဝေဖန်ခံခဲ့ရပါတယ်။ အစ္စရေးက အခုလို ဝင်ခွင့်ပိတ်လိုက်တာဟာ အမေရိကန်လွှတ်တော် အဖွဲ့ဝင်တဦး ထမ်းဆောင်ရမယ့်တာဝန်တွေကို တားမြစ်လိုက်တာပဲ ဖြစ်တယ်လို့ Omar က ပြောပါတယ်။

XS
SM
MD
LG