သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲထပ် ကျင်းပရေးအတွက် အစ္စရေးလ် လွှတ်တော်ဖျက်သိမ်း


အစ္စရေးလ် နိုင်ငံမှာ ပါလီမန်ကို ဖျက်သိမ်းဖို့ ပါလီမန် အမတ်တွေက အခု ကြာသပတေးနေ့ မနက်စောစောမှာဘဲ မဲခွဲဆုံးဖြတ်လိုက်ကြပါပြီ။

ဝန်ကြီးချုပ် Benjamin Netanyahu အနေနဲ့ ညွန့်ပေါင်းအစိုးရတရပ် ဖွဲ့စည်းဖို့ ကြိုးပမ်းမှု ပျက်ပြားသွားပြီးတဲ့နောက် အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဒုတိယ ရွေးကောက်ပွဲ တရပ်ကို စောစောစီးစီး ကျင်းပမယ်လို့ ဆိုပါတယ်။

ဧပြီ ၉ ရက်နေ့ ရွေးကောက်ပွဲ အပြီးမှာ အနိုင်ရခဲ့ပြီးတဲ့နောက် ညွန့်ပေါင်း အစိုးရသစ် တရပ် ဖွဲ့စည်းဖို့ Netanyahu ကို ဗုဒ္ဓဟူးနေ့ည သန်းခေါင်းယံ အထိ အချိန်ပေး ခဲ့တာလည်းဖြစ်ပါတယ်။

ပါလီမန်ရဲ့ ဆုံးဖြတ်ချက် အပြီးမှာ Netanyahu က ရွေးကောက်ပွဲ အတွက် ထိထိရောက်ရောက် ပြင်ဆင်ပြီး မဲဆွယ်သွားမှာ ဖြစ်တယ်၊ သူတို့ ပါတီ အနိုင်ရလိမ့်မယ်လို့ အပြတ်ပြောသွားပါတယ်။

အတိုက်အခံ ခေါင်းဆောင် Benny Gants ကတော့ Netanyahu ဟာ တိုင်းပြည် ကောင်းကျိုးထက် သူ့ပါတီရှေ့ရေးကို ပိုပြီး ဂရုစိုက်တယ်လို့ ဒေါသတကြီး စွပ်စွဲလိုက်ပါတယ်။

ရွေးကောက်ပွဲထပ် ကျင်းပရေးအတွက် အစ္စရေးလ် လွှတ်တော်ဖျက်သိမ်း
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG