သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဝန်ကြီးချုပ် အစိုးရဖွဲ့ဖို့ အခက်အခဲကြုံ


အစ္စရေးလ် နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် ၅ ကြိမ်မြောက် သက်တမ်း ဆက်လက် တာဝန်ထမ်းဆောင်နိုင်မယ့် အလားအလာတွေ ပြီးခဲ့တဲ့ လက ရှိခဲ့ပေမယ့်လည်း ဝန်ကြီးချုပ် Benjamin Netanyahu အနေနဲ့ အစိုးရတရပ် မဖွဲ့နိုင် ဖြစ်နေတာနဲ့ အတူ တနလာၤနေ့မှာတော့ အစ္စရေးလ် အနေနဲ့ လွှတ်တော် ရွေးကောက်ပွဲသစ် တရပ် ကျင်းပရဖို့ ပိုပြီး နီးစပ်လာနေပါတယ်။

လွှတ်တော်ကို ဖျက်သိမ်းဖို့ ပဏာမ အဆိုပြုချုပ်ကို အစ္စရေးလ် ပါလီမန်က အတည်ပြုလိုက်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့ မဲခွဲမှုမှာ ဒုတိယ အကြိမ် ထပ်ပြီး အတည်ပြုလိုက်မယ်ဆိုရင်တော့ အစ္စရေးလ်မှာ ရွေးကောက်ပွဲသစ်ကို မဖြစ်မနေ ကျင်းပရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာတော့ ဝန်ကြီးချုပ် Netanyahu ရဲ့ အာဏာရ Likud ပါတီက အမတ် ၁၂၀ ရှိတဲ့ လွှတ်တော်မှာ အမတ်နေရာ ၅၅ နေရာ အနိုင်ရတဲ့ အဖွဲ့ဖြစ်လာခဲ့ ဒါပေမယ့်လည်း ပါတီငယ်လေးတွေရဲ့ မဟာမိတ်အဖွဲ့က လွှတ်တော်ထဲက အမတ် ၆၅ နေရာနဲ့ အများစုကို ထိန်းချုပ်မယ့် အနေအထား ရှိနေတာပါ။

ဝန်ကြီးချုပ် Netanyahu အနေနဲ့ ညွန့်ပေါင်းဖွဲ့နိုင်မယ့် အလားအလာကလည်း ပြိုင်ဘက်ဖြစ်လိုက် မဟာမိတ် ဖြစ်လိုက် ဖြစ်နေတဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း Avigdor Lieberman ကြောင့် အထမမြောက် ဖြစ်ခဲ့ပါတယ်။ အစ္စရေးလ် စစ်တပ်မှာ ultra- Orthodox လူငယ် အမျိုးသားတွေကို တခြား ဂျူးအမျိုးသားတွေနည်းတူ စစ်မှုထမ်းစာရင်းသွင်းဖို့ ဥပဒေသစ်မှာ ပြဌာန်းဖို့ Liberman က တောင်းဆိုထားတာ ဖြစ်ပြီး တဖက်မှာလည်း ဝန်ကြီးချုပ် Netanyahu ရဲ့ မဟာမိတ် ultra-Orthodox တွေကတော့ အခုလက်ရှိ ပြဌာန်းထားတဲ့ အတိုင်း စစ်မှုထမ်းစာရင်းသွင်းမှု ကင်းလွတ်ခွင့်ကို ဆက်ပြီး ထားရှိစေချင်နေတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် Netanyahu ကတော့ ကုန်ကျစာရိတ်ကြီးပြီး အလဟဿဖြစ်စေမယ့် ရွေးကောက်ပွဲတွေလို့ ပြောဆိုပြီး ဒီကိစ္စတွေကို ရှောင်ရှားနိုင်ဖို့ အတွက် တခြား အကျိုးစီးပွားတွေထက် နိုင်ငံကောင်းစားရေး ရှေ့ရှုကြဖို့ အလာအလာရှိတဲ့ ညွန့်ပေါင်း မိတ်ဖက်တွေကို တိုက်တွန်းထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် အစိုးရဖွဲ့ဖို့ အခက်အခဲကြုံ
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG