သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရွေးကောက်ပွဲ ဝန်ကြီးချုပ် Netanyahu အလားအလာကောင်း


အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu (ဧပြီ၊ ၁၀၊ ၂၀၁၉)
အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu (ဧပြီ၊ ၁၀၊ ၂၀၁၉)

အစ္စရေးနိုင်ငံမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ရွေးကောက်ပွဲအတွင်း ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ Likud ပါတီနဲ့ မဟာမိတ်ပါတီတွေဖြစ်ကြတဲ့ အမျိုးသားရေးနဲ့ ဘာသာရေးပါတီတွေ အသာစီးရနေတာကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ပြီး ဝန်ကြီးချုပ်အနေနဲ့ ၅ ကြိမ်မြောက် အာဏာရဖို့ ဗုဒ္ဓဟူးနေ့မှာ အခွင့်အလန်း ပိုများနေပါတယ်။

မဲအရေအတွက် ၉၇ ရာခိုင်နှုန်း ရေတွက်ပြီးတဲ့အချိန်မှာ ဝန်ကြီးချုပ်ရဲ့ Likud ပါတီက စစ်တပ် အကြီးအကဲဟောင်း Benny Gantz ဦးဆောင်တဲ့ အတိုက်အခံ အလယ်အလတ်ဝါဒီ Blue and White ပါတီနဲ့ မဲအရေအတွက်အနိုင်ရမှု တန်းတူလောက် ရှိနေပါတယ်။

အစ္စရေးလွှတ်တော် Knesset အတွက် ဘယ်သူမှ အများစု အနိုင်မရနိုင်တာကြောင့် အဆုံးသတ်မှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရမယ့် အလားအလာ ရှိနေတာပါ။ အမတ်နေရာ စုစုပေါင်း ၁၂၀ ရှိတဲ့ လွှတ်တော်မှာ ဝန်ကြီးချုပ်ရဲ့ Likud ပါတီနဲ့ မဟာမိတ်တွေက အမတ်နေရာ ၆၅ နေရာ အနိုင်ရမယ့် အလားအလာ ရှိနေပါတယ်။

နှစ်ဘက်စလုံးကတော့ သူတို့ အနိုင်ရကြောင်း ပြောနေကြပါတယ်။ Netanyahu ရွေးကောက်ပွဲမှာ အနိုင်ရတာဟာ ဒေသအတွင်း ငြိမ်းချမ်းရေးအတွက် နိမိတ်ကောင်းဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ဝါရှင်တန် ဒီစီမြို့မှာ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မဲရလဒ်တွေ တဖြည်းဖြည်း ဝင်လာနေတဲ့အချိန်မှာဘဲ သူ့ရဲ့ Likud ပါတီအနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုကို ရလိုက်ကြောင်း ထောက်ခံသူတွေကို ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG