သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရွေးကောက်ပွဲ Netanyahu နဲ့ ပြိုင်ဘက် Ganzt အနိုင်ရဖို့ မျှော်လင့်


 အစ္စရေးကာကွယ်ရေးဦးစီးချုပ်ဟောင်း Benny Gantz နဲ့ လက်ရှိဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးကာကွယ်ရေးဦးစီးချုပ်ဟောင်း Benny Gantz နဲ့ လက်ရှိဝန်ကြီးချုပ် Benjamin Netanyahu

အစ္စရေးနိုင်ငံမှာ မနေ့ကကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် Benjamin Netanyahu ကရော သူ့ရဲ့ပြိုင်ဘက် အစ္စရေးကာကွယ်ရေးဦးစီးချုပ်ဟောင်း Benny Gantz ကရော အနိုင်ရတယ်လို့ပြောနေကြပါတယ်။

အခုချိန်ထိ နောက်ဆုံးမဲရလဒ်တွေထွက် မလာသေးတာကြောင့် ဘယ်သူအနိုင်ရသလဲဆိုတာပြောဖို့ ခက်နေပြီး ၊ Exit Polls မဲရုံအထွက် ကောက်ခံခဲ့တဲ့ စစ်တမ်းတွေအရ နှစ်ဦးစလုံးအပေါ်ထောက်ခံမှုက တူညီလုနီးပါးရှိနေတာ တွေ့ရပါတယ်။

အစ္စရေးရုပ်မြင်သံကြားဌာနတခုမှာ ဖေါ်ပြတဲ့ မဲစာရင်းအရ ဝန်ကြီးချုပ် Netanyahu ရဲ့ Likud ပါတီက အနည်းငယ်အသာ ရနေတယ်လို့ဆိုပါတယ်။ တခြားရုပ်သံတခုမှာ ဖေါ်ပြတာ ကတော့ အစ္စရေးကာကွယ်ရေးဦးစီးချုပ်ဟောင်း Benny Gantz ရဲ့ အဖြူနဲ့အပြာပါတီက အသာရနေ တယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း အမတ်နေရာ၁၂၀ရှိတဲ့ Knessetအစ္စရေးလွှတ်တော်မှာ ဘယ်ပါတီကမှ နေရာအများစုကို နိုင်တာ မရှိပဲဖြစ်နေပါတယ်။ ပါတီတွေအချင်းချင်းစုစည်းပြီး ညွန့်ပေါင်းဖွဲ့မယ့်သဘောရှိနေပါတယ်။

လက်ရှိဝန်ကြီးချုပ် Benjamin Netanyahu က အဂတိလိုက်စားမှုနဲ့စွဲချက်တင်ခံနေရတယ်ဆိုပေမဲ့လည်း ဒီရွေးကောက်ပွဲမှာ သူအနိုင်ရလိမ့်မယ်လို့မျှော် လင့်နေပါတယ်။ ဒီတကြိမ်လည်းသူပဲနိုင်မယ်ဆိုရင်တော့ သူ့ရဲ့ ဝန်ကြီးချုပ်သက်တမ်း က ငါးကြိမ်ဖြစ်လာတော့မှာပါ။ ဂါဇာအနောက်ဘက်ကမ်းခြေဒေသမှာ အစ္စရေးတို့ရဲ့နယ်မြေသိမ်းပိုက် အခြေချမှုတွေကို အခိုင်အမာလုပ်ဆောင်သွားမယ့် အကြောင်း ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ် Netanyahuက ပြောနေခဲ့တာပါ။

ဒီလိုလုပ်မယ်ဆိုရင် လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံထူထောင်ဖို့အခွင့်အလမ်းတွေက အဆုံးသတ်သွားနိုင်ပါတယ်။ Netanyahuရဲ့ ကတိပေးပြောဆိုချက် တွေက တာဝန်မဲ့ရာကျတယ်လို့ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း Benny Gantzက ဝေဖန်ပါတယ်။

အစ္စရေးအနေနဲ့ အစွန်းရောက်လမ်းကြောင်းကိုရွေးမလား၊ မျှော်လင့်ချက်ရှိပြီး အဆက်အစပ်ရှိရှိပေါင်းစည်းညီညွတ်တဲ့ လမ်းကြောင်းကိုရွေးမလားဆိုတာ ဆုံးဖြတ်ရမယ့်အချိန်ကိုရောက်နေပြီ၊ Netanyahu အာဏာကိုစွန့်ရမယ့်အချိန်ရောက်ပြီ လို့ပြောနေပါတယ်။ အခုတော့ဝန်ကြီးချုပ် Netanyahu ကရော Benny Gantz ကရော သူတို့ကိုထောက်ခံသူတွေနဲ့တွေ့ ဆုံပြီး ကျေးဇူးတင်ကြောင်းပြောနေတာတွေကို ရုပ်မြင်သံကြားတွေမှာ ပြသနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG