သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Netanyahu ရွေးကောက်ပွဲနိုင်လျှင် အနောက်ဘက်ကမ်းမှာ ဂျူးအိမ်ယာတိုးချဲ့မည်


အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu (ဧပြီ၊ ၀၁၊ ၂၀၁၉)
အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu (ဧပြီ၊ ၀၁၊ ၂၀၁၉)

အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu က သူသာ နောက်ထပ် သက်တမ်း ထပ်ပြီး အနိုင်ရခဲ့ရင် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းမှာ အစ္စရေးလ် အခြေချ အိမ်ယာတွေ တိုးချဲ့ မယ်လို့ စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ် Netanyahu ရဲ့ ရွေးကောက်ပွဲကြို ကတိကဝတ်ကြောင့် ပါလက်စတိုင်းနဲ့ အာရပ်ဘ် ကမ္ဘာကိုတော့ စိတ်ဆိုးဒေါသ ထွက်စေမယ့် အနေအထား ရှိပါတယ်။

ဧပြီလ ၉ ရက်နေ့ ရွေးကောက်ပွဲ မတိုင်ခင် သုံးရက် အလိုမှာ Israeli Channel 12 နဲ့ လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း - ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲ အတွင်း သိမ်းယူရရှိခဲ့တဲ့ အရှေ့ဂျေရုစလမ်နဲ့ ဂိုလန် ကုန်းမြင့်မှာ နိုင်ငံတကာ အသိအမှတ်ပြုမှု မရှိဘဲ အစ္စရေးလ်တို့ လုပ်ခဲ့သလိုမျိုး အနောက်ဘက်ကမ်းမှာ တိုးချဲ့ အခြေချရေး အချုပ်အချာအာဏာပိုင်မှုကို ဘာ့ကြောင့် မတိုးချဲ့သလဲလို့ ဝန်ကြီးချုပ် Netanyahu ကို မေးမြန်းခဲ့တာပါ။

မလုပ်ဘူးလို့ ဘယ်သူက ပြောနေသလဲ အဲဒါကို လုပ်ဖို့ ဆွေးနွေးနေပါတယ်လို့ ဝန်ကြီးချုပ် Netanyahu က ပြောဆိုခဲ့တာပါ။ နောက်တဆင့် ထပ်တိုးလုပ်မလားလို့ မေးတာဆိုရင်တော့ အဖြေက နောက်တဆင့် ထပ်တိုးမှာ ဖြစ်ပါတယ်။ အစ္စရေးလ်ရဲ့ အချုပ်အချာအာဏာကို တိုးချဲ့သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

နယ်မြေသိမ်းပိုက်ရေး လှုံ့ဆော်နေတဲ့ လက်ယာစွန်း ပါတီငယ်လေးတွေနဲ့ လက်ရှိ ဝန်ကြီးချုပ် Netanyahu မဲရရှိရေး ပြိုင်နေရတာပါ။

ပါလက်စတိုင်းတွေကို မြေယာလွှဲပြောင်း မပေးလိုတဲ့ သဘောထား တင်းမာသူ မဲဆန္ဒရှင်တွေကို အခု ပြောဆိုချက်နဲ့ စည်းရုံးနိုင်မယ့် အနေအထား ဖြစ်ပါတယ်။ ပါလက်စတိုင်း သမ္မတ Mahmoud Abbas ရဲ့ ပြောခွင့်ရ Nabil Abu Rdainah ကတော့ ဘယ်လို ဆောင်ရွက်ချက်၊ ကြေညာချက်တွေနဲ့မှ အမှန်တရားက ပြောင်းလဲသွားမှာ မဟုတ်ကြောင်း အခြေချအိမ်ယာတွေက တရားမဝင်ဖြစ်ပြီး ဖယ်ရှားပစ်ရမှာ ဖြစ်ကြောင်း ရိုက်တာ သတင်းအေဂျင်စီကို ပြောပါတယ်။

Netanyahu ရွေးကောက်ပွဲနိုင်လျှင် အနောက်ဘက်ကမ်းမှာ ဂျူးအိမ်ယာတိုးချဲ့မည်
please wait

No media source currently available

0:00 0:02:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG