သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ အစ္စရေးလ် ဝန်ကြီးချုပ် အိမ်ဖြူတော်မှာ နောက်သတင်းပတ် တွေ့ဆုံမည်


အစ္စရေးလ် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်သတ္တပတ် ၂ ပတ် အလိုမှာ လက်ရှိ အစ္စရေးလ် ဝန်ကြီးချုပ် Netanyahu ကို အမေရိကန် သမ္မတ Donald Trump က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး ညစာတည်ခင်း ဧည့်ခံဖို့ ရှိနေပါတယ်။

အစ္စရေးလ် ရွေးကောက်ပွဲ သိပ်နီးကပ်လာနေချိန်မှာ သမ္မတ Donald Trump က ဝန်ကြီးချုပ် နေတန်ယာဟုကို ဒီလိုတွေ့ဆုံဖို့ ဆုံးဖြတ်လိုက်တာဟာ ရွေးကောက်ပွဲမှာ နေတန်ယာဟု အရေးသာအောင် အလေးတင်းပေးလိုက်သလို ဖြစ်မယ်လို့ သုံးသပ်သူတွေက ဆိုနေကြပါတယ်။

အခုအချိန်မှာ အမေရိကန် သမ္မတ Donald Trump ဟာ အစ္စရေးလ် ပြည်သူတွေရဲ့ လေးစား အားကိုးမှုကို အများအပြား ရရှိနေချိန် ဖြစ်ပါတယ်။ ၂၀၁၅ အစ္စရေးလ် ရွေးကောက်ပွဲ မတိုင်ခင် တုန်းကတော့ ဝန်ကြီးချုပ် Netanyahu ကို မတွေ့ဆုံဘူးလို့ ထိုစဉ်က အမေရိကန် သမ္မတ Barack Obama က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

အခုတကြိမ်မှာတော့ အစ္စရေးလ် ဝန်ကြီးချုပ်ဟာ အမေရိကမှာ ၂ ရက်ကြာ နေထိုင်ပြီး တနလာၤနေ့မှာ သမ္မတ Trump က အလုပ်သဘော ဆွေးနွေးမယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က ဆိုပါတယ်။ မစ္စတာ Netanyahu ဟာ AIPAC ခေါ် အမေရိကန် အစ္စရေးလ် လူထုရေးရာ ကော်မတီ နှစ်ပတ်လည် ညီလာခံ အတွက် နောက်အပတ်ကျရင် ဝါရှင်တန် မြို့တော်ကို ရောက်လာမှာ ဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် နေတန်ယာဟု ဟာ အဂတိ လိုက်စားမှု စွဲချက်တွေ ရင်ဆိုင်နေရတဲ့ အတွက်လည်း ဧပြီ ၉ ရက် ရွေးကောက်ပွဲ ကျရင် အနိုင်ရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။

Trump နဲ့ အစ္စရေးလ် ဝန်ကြီးချုပ် အိမ်ဖြူတော်မှာ နောက်သတင်းပတ် တွေ့ဆုံမည်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG