သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump အစ္စရေးမြို့တော်သစ် ကြေညာပြီးနောက် အရှေ့အလယ်ပိုင်း ပဋိပက္ခပြင်းထန်


ဂျေရုဆလင်ကို မြို့တော်အဖြစ်ကြေညာခဲ့ပြီးနောက် ပါလက်စတိုင်းလူမျိုးတွေရဲ့ ဆန့်ကျင်မှု
ဂျေရုဆလင်ကို မြို့တော်အဖြစ်ကြေညာခဲ့ပြီးနောက် ပါလက်စတိုင်းလူမျိုးတွေရဲ့ ဆန့်ကျင်မှု

ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးလ်ဘက်အခြမ်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေ တာတွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးလ်က ဂါဇာကို ဒီကနေ့မှာ လေကြောင်းတိုက်ခိုက် မှုတွေ လုပ်ခဲ့ပြီး၊ အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ၂ ယောက်သေဆုံးသွားခဲ့ပါတယ်။ ဒါဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂျေရုဆလင်ကို အစ္စရေးလ်နိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုပြီး၊ အစ္စရေးလ်မှာရှိတဲ့ အမေရိကန်သံရုံးကိုလည်း အဲဒီကိုရွှေ့မယ်လို့ ပြောလိုက်ပြီးတဲ့နောက် အခုနောက်ဆုံး အစ္စရေးလ်နဲ့ ပါလက်စတိုင်းတွေကြား ပဋိပက္ခတွေဖြစ်ပေါ်လာခဲ့တာပါ။

ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ဟမားစ်အဖွဲ့က သေနတ်သမား ၂ ယောက်သေဆုံး ခဲ့တယ်လို့ ဟမားစ်အဖွဲ့က ပြောပါတယ်။ အစ္စရေးလ်ဘက်ကတော့ လက်နက်စက်ရုံ ၂ ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစ္စရေးလ်စစ်တပ်ရဲ့ ကြေငြာချက်ထဲမှာ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ်နဲ့ အသိအမှတ် ပြုသွားမယ်လို့ ပြောလိုက်ပြီးတဲ့နောက် မွတ်စလင်ကမ္ဘာမှာတော့ သောကြာနေ့က အမေရိကန်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာနေပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲအတွင်း ပါလက်စတိုင်းလူမျိုးတဦး သေဆုံးခဲ့ပါတယ်။ ပါလက်စတိုင်းတွေက အမေရိကန်ရဲ့ လုပ်ရပ်ကို့ ကန့်ကွက်တဲ့အနေနဲ့ မနေ့သောကြာနေ့ကို ဒေါသူပုန်ထတဲ့နေ့အဖြစ် ကြေငြာခဲ့ပြီး၊ အစ္စရေးလ် နဲ့ ဂါဇာနယ်စပ် တလျှောက်မှာ အစ္စရေးလ်စစ်သားတွေ နဲ့ ပါလက်စတိုင်းတွေ ထိပ်တိုက်ရင်ဆိုင် မှုတွေဖြစ်ပွားခဲ့ပြီး၊ အဲဒီပဋိပက္ခအတွင်း အစ္စရေးလ်စစ်သားတွေရဲ့ လက်ချက်ကြောင့် အသက် ၃၀ အရွယ် ပါလက်စတိုင်းလူမျိုး Mahmoud al-Masri က သေဆုံးသွား ခဲ့ပါတယ်။

ဂါဇာတောင်ပိုင်းက Khan Yunis က ထိပ်တိုက်တွေ့မှုအတွင်း း အစ္စရေးစစ်တပ်က လူ ၂ ယောက်ကို ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးလ်က အတည်ပြုခဲ့ပြီး၊ အဲဒီလူတွေဟာ အကြမ်းဖက် မှုတွေဖြစ်အောင် အဓိကလှုံ့ဆော်နေသူတွေဖြစ်တယ်လို့ အစ္စရေးလ်ဘက်က စွပ်စွဲပါတယ်။ ဒါအပြင် ဂါဇာဒေသကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေ တာတွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးလ် လေတပ်က ဂါဇာမှာရှိတဲ့ ဟမားစ်တွေရဲ့ စစ်စခန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ပါတယ်။

ဒီလေကြောင်း တိုက်ခိုက်မှုအတွင်း ၁၅ ယောက် ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါ့အပြင် အီရတ်၊ဂျော်ဒန်၊ ဆီရီးယား၊ပါကစ္စတန်၊ လက်ဘနွန်၊ မလေးရှား နဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာလည်း သောကြာနေ့က အမေရိကန်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပူးတွဲရပ်တည်ချက် သဘောထား ထုတ်ပြန် သွားနိုင်ဖို့အတွက် နိုင်ငံပေါင်း ၂ ဒါဇင်လောက်ပါဝင်တဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ်ဟာ ဒီကနေ့မှာ တွေ့ဆုံကြမှာဖြစ် ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG