သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Jerusalem ကိစ္စ တန့်ပြန်နိုင်တဲ့ အန္တရာယ် ကန်သံရုံးများ သတိထား


ဂျေရုဆလင်မ်ကို အစ္စရေးလ်နိုင်ငံရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကန်သမ္မတက ကြေညာပြီးတဲ့နောက် ဆန္ဒပြမှုတွေဖြစ်ပွား။
ဂျေရုဆလင်မ်ကို အစ္စရေးလ်နိုင်ငံရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကန်သမ္မတက ကြေညာပြီးတဲ့နောက် ဆန္ဒပြမှုတွေဖြစ်ပွား။

ကမ္ဘာတဝန်းက အမေရိကန်သံရုံးအများအပြားအတွက် လုံခြုံရေးဆိုင်ရာ သတိပေးချက်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဂျေရုဆလင်မ်ကို အစ္စရေးလ်နိုင်ငံရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုတဲ့အကြောင်း သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကြေညာပြီးတဲ့နောက် ဆန္ဒပြတာတွေ၊ အကြမ်းဖက် တိုက်ခိုက်တာတွေ ဖြစ်လာနိုင်တဲ့အတွက် အခုလို သတိပေးချက် ထုတ်ပြန်ထားတာပါ။ ကုလသမဂ္ဂမှာတော့ အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဗြိတိန်၊ အီတလီနဲ့ ပြင်သစ်နိုင်ငံတို့အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၈ နိုင်ငံ အစည်းအဝေးတခုကို ဒီကနေ့မှာလုပ်ဖို့ အမေရိကန်သံတမန်တွေက ပြင်ဆင် နေပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဆယ်စုနှစ်ပေါင်းများစွာရှိခဲ့တဲ့ အမေရိကန်ရဲ့မူဝါဒကနေ ချိုးဖောက် ထွက်သွားတာဖြစ်ပြီး ဒီအပေါ် ကမ္ဘာတဝန်း တုန့်ပြန်ချက်တွေကတော့ အားလုံး တူညီလုနီးပါးပါပဲ။

ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဗြိတိန် အားလုံးက ဒီဆုံးဖြတ်ချက်အပေါ် အပြင်းအထန် ဝေဖန်ထားပါတယ်။ ဂျေရုဆလင်မ်မြို့ရဲ့ အဆင့်အတန်းကို အစ္စရေးလ်-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နောက်ဆုံးအဆင့် မူဘောင်ထဲကနေသာ ဆွေးနွေး ညှိနှိုင်းသင့်တယ်လို့ ဒီနိုင်ငံအားလုံးကပြောပါတယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်နေတာ လွန်ခဲ့တဲ့သုံးနှစ်ကတည်းကပါ။

ဂျေရုဆလင်မ်ကို အသိအမှတ်ပြုတာဟာ အမှန်တရားကို အသိအမှတ်ပြုတာပဲဖြစ်တယ်လို့ သမ္မတရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ဗီယင်နမ်မှာ ကြာသပတေးနေ့က ကာကွယ်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG