သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျေရုစလမ်ကို အစ္စရေးလ်း မြို့တော်အဖြစ် ပြောင်းလဲအသိအမှတ်ပြုဖို့ Trump ပြင်ဆင်


အမေရိကန် သမ္မတ Donald Trump က ဂျေရုစလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အမေရိကန်က အသိမှတ်ပြုဖို ဗုဒ္ဓဟူးနေ့မှာ ကြေညာဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အာရပ်ကမ္ဘာဘက်က ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ပေါ်လာနိုင်စေတဲ့ ကိစ္စဖြစ်တဲ့ အတွက်ကြောင့် အမေရိကန် သံရုံးကို Tel Aviv ကနေ ရွှေ့ပြောင်းမယ့် ရက် အတိအကျကို သမ္မတက ကြညာမယ်လို့အကဲခတ်သူတွေနဲ့ အစိုးရ အရာရှိတွေက မမျှော်လင့်ကြပါဘူး။

ကြေညာချက်အတွက် ပြင်ဆင်တဲ့ အနေနဲ့ သမ္မတ Trump က အင်္ဂါနေ့မှာ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အရှေ့အလယ်ပိုင်းဒေသ ခေါင်းဆောင် ၅ ဦးကို တယ်လီဖုံးနဲ့ ဆက်သွယ်ပြီး အခြေနေကို အကျဉ်းချုပ် ပြောကြားခဲ့တာပါ။

သမ္မတအိမ်ဖြူက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ပါလက်စတိုင်းခေါင်းဆောင် Mahmoud Abbas၊ ဂျော်ဒန် ဘုရင် Abdullah ၊အီဂျစ် သမ္မတ Abdel-Fattah el-Sissi နဲ့ ဆော်ဒီဘုရင် Salman Bin Abdulaziz Al Saud တို့ ၅ ဦးနဲ့ ပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒီခေါင်းဆောင်တွေကလည်း ဂျေရုစလင်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေတွေကို ဆွေးနွေးခဲ့ကြတယ် သမ္မတအိမ်ဖြူတော် ကြေညာချက်မှာ ဖေါ်ပြထားပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ပြောမထားပါဘူး။ ဒါ့အပြင် သမ္မတ Trump ကအစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရှေ့တိုးတက်အောင် လုပ်ဆောင်မယ့် သူ့ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့ပြီး ဒီဆွေးနွေးမှုတွေကို ပံ့ပိုးပေးရေးဟာ အရေးပါကြောင်း ပြောပါတယ်။

ဂျေရုစလင် မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ တတိယမြောက် ဘာသာရေး အထွဋ်အမြတ်နေရာ ဖြစ်တဲ့ Al Aqsa ဗလီ ရှိနေသလို ဂျူးတွေအတွက် ဘာသာရေးဆိုင်ရာ အထွဋ်မြတ်ဆုံး အဖြစ်သတ်မှတ်ထားတဲ့ Temple Mount ရှိနေပါတယ်။ အမေရိကန် သံရုံးကို ဂျေရုစလင် ကို လက်တွေ့ ရွှေ့ပြောင်းဖြစ်မယ် ဆိုရင် အမေရိကန် အစိုးရ ကြိုးပမ်းနေတဲ့ အာရပ်- အစ္စရေး ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် ထိခိုက်စေလိမ့်မယ်လို့ အာရပ်ကမ္ဘာက သတိပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG