သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ စောကျင်းပဖို့ အစ္စရေး လွှတ်တော်ဖျက်သိမ်း


အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu.
အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu.

အစ္စရေးနိုင်ငံမှာ ပုံမှန်အတိုင်း ကျင်းပရမယ့် ရွေးကောက်ပွဲရက်ထက် ၆ လစောပြီး ဧပြီလ ၉ ရက်နေ့မှာ ရွေးကောက်ပွဲအသစ်တွေ ကျင်းပနိုင်ရေးအတွက် လွှတ်တော်ကို ဖျက်သိမ်း လိုက်ကြောင်း လွှတ်တော်အမတ်တွေက ဗုဒ္ဓဟူးနေ့မှာ မဲခွဲဆုံး ဖြတ်လိုက်ကြပါတယ်။

လွှတ်တော်ဖျက်သိမ်းပြီး ရွေးကောက်ပွဲတွေ စောကျင်းပဖို့ ဝန်ကြီးချုပ် Benjamin Netanyahu ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရက တနင်္လာနေ့မှာ သဘော တူပြီးတဲ့ နောက်ပိုင်း လွှတ်တော်က ထောက်ခံမဲ ၁၀၂ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ မဲခွဲ အတည်ပြုလိုက်ကြတာပါ။

အစွန်းရောက် ရှေးရိုးစွဲဝါဒီ ဂျူးဘာသာဝင်တွေအနေနဲ့ ပြဌာန်းထားတဲ့ စစ်မှု မထမ်းမနေရ ဆိုတဲ့ ဥပဒေကနေ ချွင်းချက် ရှိမရှိ ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ညွန့်ပေါင်း အစိုးရ အဖွဲ့ အတွင်း သဘောထားကွဲပြားမှုတွေ ဖြစ်ပေါ်ပြီးနောက်မှာ အခုလို လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ စောကျင်းပဖို့ ဖြစ်လာတာပါ။

အမတ်နေရာ စုစုပေါင်း ၁၂၀ ရှိတဲ့ လွှတ်တော်မှာ ဝန်ကြီးချုပ် Netanyahu ရဲ့ လက်ယာစွန်း Likud ပါတီဟာ အမတ်အရေအတွက် ၆၁ မဲနဲ့ ယောင်ယောင်လေး အသာစီးရပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

လူထုစစ်တမ်းတွေမှာတော့ Netanyahu ရဲ့ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရမယ်လို့ ဖော်ပြနေပါတယ်။ ဒါပေမယ့် အစ္စရေးအစိုးရ ရှေ့နေချုပ်က Netanyahu အပေါ် အကျင့်ပျက် ခြစားမှုနဲ့ စွဲချက်တင်မလား၊ မတင်ဘူးလားဆိုတဲ့အပေါ် မူတည်ပြီး သူ့ရဲ့ အနိုင်ရနိုင်ခြေဟာလည်း ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် Netanyahu ဟာ အကျင့်ပျက် ခြစားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက် တင်ခံခဲ့ရရင်တော့ ရာထူးကနေ နှုတ်ထွက်ပေးရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

ရွေးကောက်ပွဲ စောကျင်းပဖို့ အစ္စရေးလွှတ်တော်ဖျက်သိမ်း
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG