သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးက မြန်မာကို စစ်လက်နက်မရောင်းဖို့ ဂျူးဘာသာရေးခေါင်းဆောင်တွေတောင်းဆို


နေပြည်တော်က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ( မတ် ၂၇-၂၀၁၇)
နေပြည်တော်က တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ( မတ် ၂၇-၂၀၁၇)

ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ရှိနေတဲ့အတွက် ကုလသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်လိုက်ပြီးတဲ့နောက် အစ္စရေးနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုရပ်ဖို့အတွက် အမေရိကန် ဂျူးဘုန်းတော်ကြီးတွေနဲ့ ဂျူးဘာသာရေး ဓမ္မတေး သီဆိုသူ ၃၀၀ ကျော်က လက်မှတ်ထိုး တောင်းဆိုလိုက်ပါတယ်။

လူနည်းစုအပေါ် ရက်စက်စွာ လူမျိုးတုံးသတ်ဖြတ်နေတဲ့ စစ်တပ်အတွက် လက်နက်နဲ့ စစ်ရေးလေ့ကျင့်မှုပေးနေတဲ့ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့ရဲ့ ပါဝင်ပတ်သတ်မှုကို အမေရိကန်နိုင်ငံသားတွေအနေနဲ့ရော ဂျူးဘာသာဝင်တွေအနေနဲ့ပါ ဆန့်ကျင်ကြောင်း ကြာသပတေးနေ့တုန်းက ထုတ်လိုက်တဲ့ တောင်းဆိုချက်ထဲမှာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ကို အစ္စရေးလက်နက်ရောင်းမှု ရပ်ဖို့နဲ့ အမေရိကန်က စစ်ရေးလေ့ကျင့်ပေးနေတာတွေရပ်ဖို့ ဘာသာရေးခေါင်းဆောင်တွေက တောင်းဆိုနေကြပါတယ်။

နာဇီ ဂျာမန်တွေရဲ့ ဂျူးတွေအပေါ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ကိစ္စကို ရည်ညွှန်းတဲ့ စကားလုံး Never Again နောင်ဘယ်တော့မှ ဆိုတဲ့ စကားလုံးကို သုံးပြီး လူနည်းစုတွေအကြမ်းဖက်ခံရမှုကို အခုအခါမှာ ရည်ညွှန်းပြီး ပြောဆိုသုံးနှုန်းကြပါတယ်။

မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေမှာ ပတ်သတ်မှုမရှိဘူးလို့ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးက ငြင်းဆိုပါတယ်။ မြန်မာနိုင်ငံကို လက်နက်ရောင်းတဲ့ကိစ္စကို ပြန်ဆန်းစစ်နေတယ်လို့တော့ အစ္စရေးတာဝန်ရှိသူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG