အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu အပေါ် အဂတိလိုက်စားမှုတွေနဲ့ စွဲချက်တင်ဖို့ လုပ်ဆောင်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ဟာ ဝန်ကြီးချုပ် Netanyahu နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုတွေ အဆုံးသတ်စေဖို့ ရည်ရွယ်တယ်လို့ အစ္စရေး နိုင်ငံတော်ရှေ့နေချုပ် Avichai Mandelblit က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ ၂ နှစ်ကျော်ကျော် လုပ်ခဲ့တဲ့နောက်မှာ ရှေ့နေချုပ်က အခုလို သူ့ရဲ့ အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။
အသေးစိတ်ကို ချက်ချင်း မထုတ်ပြန်သေးပေမယ့် ဝန်ကြီးချုပ် Netanyahu ကို လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုနဲ့ ယုံကြည်မှု ချိုးဖောက်မှု တွေနဲ့ တရားစွဲဆိုဖို့ ရဲတွေရဲ့ အကြံပြုချက်ကို လက်ခံဖို့ ရှိတယ်လို့ ရှေ့နေချုပ် Mandelblit ကပြောပါတယ်။
ဝန်ကြီးချုပ် Netanyahu အပေါ် ဘယ်လို့ တရားစွဲဆိုမှုမျိုးမဆို ဒါဟာ အစ္စရေး သမိုင်းတလျှောက် လက်ရှိအာဏာရ ဝန်ကြီးချုပ်ကို ရာဇဝတ် ပြစ်မှုနဲ့ ပထမဦးဆုံးအကြိမ် တရားစွဲဆိုမယ့်ကိစ္စ ဖြစ်ပါတယ်။
နောက်ထပ်ရွေးကောက်ပွဲ မဲဆွယ်ပွဲအတွက် အပြင်းအထန် ကြိုးစားနေတဲ့ Netanyahu ကတော့ သူ့ဘက်က အမှားတစုံတရာ မရှိခဲ့ကြောင်း ပြောပါတယ်။ဝန်ကြီးချုပ် Netanyahu ဟာ ကြာသပတေးနေ့ နေ့လည်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။