သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး ပါလက်စတိုင်း တိုက်ပွဲပြင်းထန်


ဂါဇာကမ်းမြှောင်ကနေ ပါလက်စတိုင်း စစ်သွေးကြွတွေက ဒုံးကျည် အစင်းပေါင်း ရာနဲ့ချီပြီး ပစ်ခတ်ခဲ့ပြီး အစ္စရေးလ်ဘက်ကလည်း ဂါဇာတဝန်းကို လေကြောင်းကနေ တုံ့ပြန် တိုက်ခိုက်နေပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း အနည်းဆုံး ပါလက်စတိုင်း ၈ ဦးနဲ့ အစ္စရေးလ် ၃ ဦး သေဆုံးရပါတယ်။ ဒုံးကျည် သတိပေးချက် ဥသြသံတွေဟာ စနေ တရက်လုံး ဆူညံနေခဲ့ပြီး တနင်္ဂနွေနေ့ အထိ ကြားနေရပါတယ်။

ဂါဇာနယ်စပ် အနီးမှာ နေတဲ့ အစ္စရေးလ်ပြည်သူတွေကတော့ ဗုံးခိုဆောင်ကို ၁၅ စက္ကန့် အတွင်း ရောက်နိုင်ပါတယ်။ အိမ်ပေါ်ကို ဒုံးကျည် တိုက်ရိုက်ထိမှန်တာကြောင့် အစ္စရေးလ် အမျိုးသား တဦး သေဆုံးပြီး အစ္စရေးလ် တောင်ပိုင်း Ashkelon မြို့က အလုပ်ရုံ တခုကို ဒုံးကျည် ထိမှန်တာကြောင့်လည်း တဦး သေဆုံးခဲ့ပါတယ်။

အစ္စရေးလ်ဘက် လေကြောင်း တိုက်ခိုက်မှုပေါင်း ဒါဇင်နဲ့ချီ တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး ဟားမတ်စ် နဲ့ အစ္စလာမ္မစ် ဂျီဟဒ် နှစ်ဖွဲ့လုံးရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ အစ္စလာမ္မစ် ဂျီဟဒ်တွေက တိုက်ခိုက်တာဆိုပေမယ့် ဂါဇာကို ထိန်းချုပ်ထားတဲ့ Hamas မှာလည်း တာဝန်ရှိတယ်လို့ အစ္စရေးလ်က ပြောပါတယ်။ မြေပြင်ကနေ ကျူးကျော်ဝင်ရောက်လာနိုင်ခြေ အတွက်လည်း ဂါဇာနဲ့ နယ်စပ်တလျှောက်မှာ ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ နောက်ထပ် တပ်တွေထပ်တိုးဖို့ အစ္စရေးလ် ဝန်ကြီးချုပ် Benjamin Netanyahu က ညွန်ကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG