သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူတို့ပြည်တွင်းရေး ဝင်စွက်တယ်လို့ ကန်လွှတ်တော်ကို တရုတ်စွပ်စွဲ


တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang 
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang 

ဟောင်ကောင်က ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို အမေရိကန် လွှတ်တော်မှာ လာရောက် သက်သေခံထွက်ဆိုဖို့ အတွက် ဖိတ်ကြားတဲ့အပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အမေရိကန် လွှတ်တော်အမတ်တွေကို ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေ တယ်လို့ စွပ်စွဲလိုက်ပါတယ်။

အောက်လွှတ်တော်အမတ် Nancy Pelosi နဲ့ တခြား လွှတ်တော်အမတ်တွေက သူတို့ လုပ်ပိုင်ခွင့် အာဏာကို ကျော်လွန်ပြီး ဟောင်ကောင်ခွဲထွက်ရေး သမားတွေနဲ့ ပတ်သက်ဆက်ဆံနေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Geng Shuang က ပြောတာပါ။ အစွန်းရောက် အကြမ်းဖက် ပုန်ကန်တဲ့ အဖွဲ့တွေကို ထောက်ခံအားပေးနေတာကို ရပ်ဆိုင်းဖို့နဲ့ ဟောင်ကောင်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမယ့် စကားလုံးတွေ၊ လုပ်ရပ်တွေကို မလုပ်ဖို့ အမေရိကန်ကို တိုက်တွန်းကြောင်း ပြောခွင့်ရ Geng Shuang က ဘေဂျင်းမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဟောင်ကောင် အရေးလှုပ်ရှားသူ Joshua Wong ကအင်္ဂါနေ့တုန်းက ဟောင်ကောင်မှာ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီရေးကို ထောက်ခံအားပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေကို တောင်းဆိုခဲ့တာပါ။ ဟောင်ကောင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ဖျက်ဖို့၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အားပေးကူညီသွားဖို့ နဲ့ ဥပဒေမူကြမ်း တရပ်အတည်ပြုဖို့ နောက်သီတင်းပတ်တွင်း အမေရိကန်လွှတ်တော် အမတ်တွေ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ တကယ်လို့ ဒီဥပဒေမူကြမ်း အတည်ပြုရင် သမ္မတ Trump အနေနဲ့ ဟောင်ကောင်နဲ့ တရုတ် အစိုးရ တာဝန်ရှိသူတွေကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ် နိုင်မှာဖြစ်ပါတယ်။

.........................

(Unicode)




တိုက်ရိုက် လင့်ခ်


XS
SM
MD
LG