တ႐ုတ္အစိုးရကို ေထာက္ခံတဲ့ ေဟာင္ေကာင္ ဆႏၵျပသူေတြနဲ႔ တ႐ုတ္အစိုးရရဲ႕ စြက္ဖက္မႈကို ကန္႔ကြက္ေနၾကတဲ့ ေဟာင္ေကာင္ ဒီမိုကေရစီေရး ဆႏၵျပသူ လူအုပ္ႀကီးကို နံပါတ္တုတ္ေတြ ကိုင္ေဆာင္ထားၾကတဲ့ ေဟာင္ေကာင္ရဲေတြက ဒီကေန႔ ၀င္ၿပီး လူစုခြဲခဲ့ၾကပါတယ္။
လနဲ႔ခီ် ၾကာလာၿပီျဖစ္တဲ့ ႐ုံးပိတ္ရက္ ဆႏၵျပပြဲေတြ တခါတရံ အၾကမ္းဖက္ႏွိမ္ႏွင္းမႈေတြနဲ႔ ရွိခဲ့သလို ဒီကေန႔ ဆႏၵျပပြဲကိုလည္း ေဟာင္ေကာင္ၿမိဳ႕အႏွံ႔ က်င္းပဖို႔ စီစဥ္ထားတာပါ။
Kowloon Bay အရပ္က ေစ်း၀ယ္စင္တာထဲမွာ စု႐ုံးခဲ့ၾကတဲ့ တ႐ုတ္အစိုးရကို ေထာက္ခံတဲ့ ဆႏၵျပသူေတြက ရဲေတြကို ေထာက္ခံေၾကာင္း ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ခဲ့ၾကပါတယ္။
တန္ျပန္ဆႏၵျပၾကသူေတြၾကား ထိပ္တုိက္ရင္ဆုိင္ေတြ႔မႈေတြ ရွိခဲ့သလို အဲဒီျဖစ္ရပ္ေတြကိုလည္း ဒါဇင္နဲ႔ခ်ီတဲ့ သတင္းဌာနေတြနဲ႔ လာၾကည့္သူေတြက သူတို႔ရဲ႕ စမတ္ဖုန္းေတြနဲ႔ ႐ုိက္ယူခဲ့ၾကပါတယ္။ အဲဒီ ထိပ္တုိက္ရင္ဆုိင္ေတြ႔မႈေတြ ေဟာင္ေကာင္လမ္းေတြေပၚထိ ေရာက္လာခဲ့တာပါ။
ၿဗိတိန္အုပ္ခ်ဳပ္မႈေအာက္ ေရာက္ခဲ့ဖူးၿပီး ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္ တစိတ္တပိုင္းရထားတဲ့ ေဟာင္ေကာင္ကၽြန္းမွာ တ႐ုတ္အစိုးရရဲ ့ ၾကား၀င္ေဆာင္ရြက္မႈအေပၚ မေက်နပ္ၾကတဲ့ ေဟာင္ေဟာင္ေဒသခံ ရာနဲ႔ခ်ီတို႔ဟာ မေန႔ ေသာၾကာေန႔က ေဟာင္ေကာင္လမ္းမေတြေပၚ ထြက္လာၾကၿပီး ေႏြဦးပြဲေတာ္သီခ်င္းေတြကို သံၿပိဳင္သီဆိုခဲ့ၾကတာ ျဖစ္ပါတယ္။
ၿပီးခဲ့တ့ဲ သီတင္းပတ္အေတာ္မ်ားမ်ားက ႐ုံးပိတ္ရက္ ဆႏၵျပပြဲေတြမွာ မ်က္ရည္ယိုဗုံးေတြ၊ ရာဘာက်ည္ဆန္ေတြနဲ႔ မီးသတ္ပိုက္ေတြသုံးၿပီး အၾကမ္းဖက္ႏွိမ္နင္းခဲ့တာကို တန္ျပန္ဆႏၵျပတဲ့အေနနဲ႔ အဲဒီလို သီခ်င္းဆုိရင္း တန္ျပန္ဆႏၵျပၾကတာလည္း ျဖစ္ပါတယ္။
------------------------
[Unicode Version]
ဟောင်ကောင်မှာ ဆန္ဒပြသူတွေနဲ့ တရုတ်ထောက်ခံသူတွေ ရင်ဆိုင်တွေ့
တရုတ်အစိုးရကို ထောက်ခံတဲ့ ဟောင်ကောင် ဆန္ဒပြသူတွေနဲ့ တရုတ်အစိုးရရဲ့ စွက်ဖက်မှုကို ကန့်ကွက်နေကြတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြသူ လူအုပ်ကြီးကို နံပါတ်တုတ်တွေ ကိုင်ဆောင်ထားကြတဲ့ ဟောင်ကောင်ရဲတွေက ဒီကနေ့ ဝင်ပြီး လူစုခွဲခဲ့ကြပါတယ်။
လနဲ့ချီ ကြာလာပြီဖြစ်တဲ့ ရုံးပိတ်ရက် ဆန္ဒပြပွဲတွေ တခါတရံ အကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ ရှိခဲ့သလို ဒီကနေ့ ဆန္ဒပြပွဲကိုလည်း ဟောင်ကောင်မြို့အနှံ့ ကျင်းပဖို့ စီစဉ်ထားတာပါ။
Kowloon Bay အရပ်က ဈေးဝယ်စင်တာထဲမှာ စုရုံးခဲ့ကြတဲ့ တရုတ်အစိုးရကို ထောက်ခံတဲ့ ဆန္ဒပြသူတွေက ရဲတွေကို ထောက်ခံကြောင်း ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။
တန်ပြန်ဆန္ဒပြကြသူတွေကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ရှိခဲ့သလို အဲဒီဖြစ်ရပ်တွေကိုလည်း ဒါဇင်နဲ့ချီတဲ့ သတင်းဌာနတွေနဲ့ လာကြည့်သူတွေက သူတို့ရဲ့ စမတ်ဖုန်းတွေနဲ့ ရိုက်ယူခဲ့ကြပါတယ်။ အဲဒီ ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဟောင်ကောင်လမ်းတွေပေါ်ထိ ရောက်လာခဲ့တာပါ။
ဗြိတိန်အုပ်ချုပ်မှုအောက် ရောက်ခဲ့ဖူးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစိတ်တပိုင်းရထားတဲ့ ဟောင်ကောင်ကျွန်းမှာ တရုတ်အစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုအပေါ် မကျေနပ်ကြတဲ့ ဟောင်ဟောင်ဒေသခံ ရာနဲ့ချီတို့ဟာ မနေ့ သောကြာနေ့က ဟောင်ကောင်လမ်းမတွေပေါ် ထွက်လာကြပြီး နွေဦးပွဲတော်သီချင်းတွေကို သံပြိုင်သီဆိုခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတော်များများက ရုံးပိတ်ရက် ဆန္ဒပြပွဲတွေမှာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေနဲ့ မီးသတ်ပိုက်တွေသုံးပြီး အကြမ်းဖက်နှိမ်နင်းခဲ့တာကို တန်ပြန်ဆန္ဒပြတဲ့အနေနဲ့ အဲဒီလို သီချင်းဆိုရင်း တန်ပြန်ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။