သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ဆႏၵျပမႈ လံုၿခံဳေရးနဲ႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ပြား


ရဲတပ္ဖြဲ႔ဝင္မ်ားအား မ်က္ရည္ယုိဓာတ္ေငြ႔မ်ားျဖင့္ ျပန္လွန္ပစ္ခတ္ေနသည့္ ေဟာင္ေကာင္အစိုးရ ဆန္႔က်င္ဆႏၵျပသူမ်ား။ (စက္တင္ဘာ ၁၅၊ ၂၀၁၉)

ေဟာင္ေကာင္မွာ ဒီကေန႔ ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႔အၾကား ႐ုန္းရင္းဆန္ခတ္ ျဖစ္ပါတယ္။

ဥပေဒျပဳေကာင္စီ အေဆာက္အဦနားမွာ ဆႏၵျပသူေတြက ရဲတပ္ဖြဲ႔ကို ေလာင္စာထည့္ မီးေလာင္ဘူးေတြ၊ အုတ္ခဲေတြနဲ႔ ပစ္ေပါက္ၾကပါတယ္။ ရဲတပ္ဖြဲ႔ကလည္း အျပာေရာင္အမႈန္႔ ထည့္ေဖ်ာ္ထားတဲ့ ေရေတြနဲ႔ မီးသတ္ပိုက္ေတြသံုးၿပီး ဆႏၵျပသူေတြကို ၿဖိဳခြဲပါတယ္။ ဒီလို အျပာေရာင္ပါတဲ့ ေရေတြကိုသံုးတာက ေနာက္ပိုင္းမွာ ဆႏၵျပသူေတြကို ခြဲျခားသိႏုိင္ဖို႔ပါ။

ဒီကေန႔ ဆႏၵျပပြဲမွာ ဒီမုိကေရစီလိုလားသူ ေထာင္ေပါင္းမ်ားစြာ ပါဝင္ပါတယ္။ သီတင္းပတ္ကုန္တိုင္းမွာ ဆႏၵျပပြဲေတြျဖစ္လာတာ အခုဆိုရင္ သံုးလၾကာပါၿပီ။

ရာဇဝတ္ျပစ္မႈ က်ဴးလြန္တယ္လုိ႔ စြပ္စြဲခံထားရသူေတြ တ႐ုတ္ျပည္မႀကီးမွာ အမႈရင္ဆုိင္ေရး လႊဲေျပာင္းေပးရမယ့္ ဥပေဒမူၾကမ္းတရပ္ကို ကန္႔ကြက္ၿပီး ၿပီးခဲ့တဲ့ဇြန္လမွာ ဆႏၵျပပြဲေတြ စျဖစ္တာပါ။ ဒီဥပေဒမူၾကမ္းဟာ ေဟာင္ေကာင္အေပၚ တ႐ုတ္ရဲ႕လႊမ္းမိုးမႈ ပိုတိုးလာေနၿပီး ေဟာင္ေကာင္ရဲ႕ လြတ္လပ္မႈနဲ႔ အခြင့္အေရးေတြ တျဖည္းျဖည္း ေလ်ာ့ပါးလာေနတဲ့ နမူနာတခုျဖစ္တယ္လုိ႔ ဆႏၵျပသူေတြက ျမင္ၾကပါတယ္။ ဥပေဒမူၾကမ္းကို လံုးဝျပန္႐ုပ္သိမ္းမယ္လုိ႔ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က ဒီလ အေစာပိုင္းမွာ ေၾကညာထားပါတယ္။

ဒီကေန႔ အေစာပို္င္းတုန္းကလည္း ေဟာင္ေကာင္က ၿဗိတိသွ်ေကာင္စစ္ဝန္႐ံုးေရွ႕မွာ ဆႏၵျပသူ ရာေပါင္းမ်ားစြာစုေဝးၿပီး တစိတ္တပုိင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဟာင္ေကာင္ကၽြန္းမွာ ဒီမုိကေရစီ ျပဳျပင္ေျပာင္းလဲေရးလုပ္ဖုိ႔ ဆႏၵျပေတာင္းဆိုေနတဲ့အေပၚ ႏုိင္ငံတကာ ေထာက္ခံမႈရေရး ေတာင္းဆိုၾကပါတယ္။

ေကာင္စစ္ဝန္႐ံုးေရွ႕မွာ စုေဝးသူေတြဟာ ၿဗိတိသွ်အလံေတြကို ေဝွ႔ယမ္းၿပီး God Save the Queen သီခ်င္းကို သီဆိုၾကသလို “ေဟာင္ေကာင္ကို UK ကယ္တင္ပါ” လို႔လည္း ေႂကြးေၾကာ္ ေအာ္ဟစ္ၾကပါတယ္။ “တႏိုင္ငံ စနစ္ႏွစ္ခု က်ဆံုးသြားၿပီ” လို႔ ေရးထားတဲ့ ဆိုင္းဘုတ္ေတြနဲ႔အတူ ၁၉၉၇ ခုႏွစ္မွာ ေဟာင္ေကာင္ကို ၿဗိတိန္က တ႐ုတ္လက္ထဲ လႊဲေျပာင္းခ်ိန္ သေဘာတူညီခ်က္အတိုင္း ဆက္ၿပီးခိုင္မာေနေစေရး ၿဗိတိန္က ကူညီလုပ္ေဆာင္ဖို႔ ထပ္ၿပီး ေတာင္းဆိုၾကပါတယ္။

စက္တင္ဘာလ ၁ ရက္ေန႔ကလည္း ၿဗိတိသွ်ေကာင္စစ္ဝန္႐ံုးေရွ႕မွာ အလားတူ ဆႏၵျပေတာင္းဆိုခဲ့ၾကသလို ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ကေတာ့ အေမရိကန္ ေကာင္စစ္ဝန္႐ံုးေရွ႕မွာ ဆႏၵျပ ေတာင္းဆိုၾကပါတယ္။

-----------------------

[Unicode Version]

ဟောင်ကောင်ဆန္ဒပြမှု လုံခြုံရေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

ဟောင်ကောင်မှာ ဒီကနေ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပါတယ်။

ဥပဒေပြုကောင်စီ အဆောက်အဦနားမှာ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို လောင်စာထည့် မီးလောင်ဘူးတွေ၊ အုတ်ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။ ရဲတပ်ဖွဲ့ကလည်း အပြာရောင်အမှုန့် ထည့်ဖျော်ထားတဲ့ ရေတွေနဲ့ မီးသတ်ပိုက်တွေသုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွဲပါတယ်။ ဒီလို အပြာရောင်ပါတဲ့ ရေတွေကိုသုံးတာက နောက်ပိုင်းမှာ ဆန္ဒပြသူတွေကို ခွဲခြားသိနိုင်ဖို့ပါ။

ဒီကနေ့ ဆန္ဒပြပွဲမှာ ဒီမိုကရေစီလိုလားသူ ထောင်ပေါင်းများစွာ ပါဝင်ပါတယ်။ သီတင်းပတ်ကုန်တိုင်းမှာ ဆန္ဒပြပွဲတွေဖြစ်လာတာ အခုဆိုရင် သုံးလကြာပါပြီ။

ရာဇဝတ်ပြစ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူတွေ တရုတ်ပြည်မကြီးမှာ အမှုရင်ဆိုင်ရေး လွှဲပြောင်းပေးရမယ့် ဥပဒေမူကြမ်းတရပ်ကို ကန့်ကွက်ပြီး ပြီးခဲ့တဲ့ဇွန်လမှာ ဆန္ဒပြပွဲတွေ စဖြစ်တာပါ။ ဒီဥပဒေမူကြမ်းဟာ ဟောင်ကောင်အပေါ် တရုတ်ရဲ့လွှမ်းမိုးမှု ပိုတိုးလာနေပြီး ဟောင်ကောင်ရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေ တဖြည်းဖြည်း လျော့ပါးလာနေတဲ့ နမူနာတခုဖြစ်တယ်လို့ ဆန္ဒပြသူတွေက မြင်ကြပါတယ်။ ဥပဒေမူကြမ်းကို လုံးဝပြန်ရုပ်သိမ်းမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ဒီလ အစောပိုင်းမှာ ကြေညာထားပါတယ်။

ဒီကနေ့ အစောပိုင်းတုန်းကလည်း ဟောင်ကောင်က ဗြိတိသျှကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြသူ ရာပေါင်းများစွာစုဝေးပြီး တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကျွန်းမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆန္ဒပြတောင်းဆိုနေတဲ့အပေါ် နိုင်ငံတကာ ထောက်ခံမှုရရေး တောင်းဆိုကြပါတယ်။

ကောင်စစ်ဝန်ရုံးရှေ့မှာ စုဝေးသူတွေဟာ ဗြိတိသျှအလံတွေကို ဝှေ့ယမ်းပြီး God Save the Queen သီချင်းကို သီဆိုကြသလို “ဟောင်ကောင်ကို UK ကယ်တင်ပါ” လို့လည်း ကြွေးကြော် အော်ဟစ်ကြပါတယ်။ “တနိုင်ငံ စနစ်နှစ်ခု ကျဆုံးသွားပြီ” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေနဲ့အတူ ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို ဗြိတိန်က တရုတ်လက်ထဲ လွှဲပြောင်းချိန် သဘောတူညီချက်အတိုင်း ဆက်ပြီးခိုင်မာနေစေရေး ဗြိတိန်က ကူညီလုပ်ဆောင်ဖို့ ထပ်ပြီး တောင်းဆိုကြပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့ကလည်း ဗြိတိသျှကောင်စစ်ဝန်ရုံးရှေ့မှာ အလားတူ ဆန္ဒပြတောင်းဆိုခဲ့ကြသလို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကတော့ အမေရိကန် ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြ တောင်းဆိုကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG