သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္အေရး ျပည္ပစြက္ဖက္မႈမလုပ္ဖို႔ တ႐ုတ္သတိေပး


ေဟာင္ေကာင္အေရးနဲ႔ပတ္သက္လို႔ အေမရိကန္အပါအဝင္ ျပည္ပႏိုင္ငံေတြက ဝင္မစြက္ဖုိ႔ တ႐ုတ္အစိုးရက ေျပာၾကားလိုက္ပါတယ္။ ေဟာင္ေကာင္ဟာ တ႐ုတ္ႏို္င္ငံ လက္ေအာက္မွာ႐ွိေနတာဖုိ႔ ေဟာင္ေကာင္အေရးဟာ တ႐ုတ္ျပည္တြင္းေရး သက္သက္သာျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Geng Shuang က ဒီကေန႔ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားပါတယ္။

ဒါေၾကာင့္ အေမရိကန္နဲ႔ တျခားႏိုင္ငံေတြအေနနဲ႔ တ႐ုတ္ျပည္တြင္းေရးကို ဝင္ မစြက္ပါနဲ႔လို႔ သူက တိုက္တြန္းခဲ့ပါတယ္။ ႏိုင္ငံျခားက ေထာက္ခံမႈကို ေတာင္းဆိုေနၾကတဲ့ ေဟာင္ေကာင္က တ႐ုတ္ဆန္႔က်င္လႈပ္႐ွားသူေတြ အေနနဲ႔လည္း သူတုိ႔ရဲ႕ႀကိဳးပမ္းခ်က္ ေအာင္ျမင္မွာ မဟုတ္ဘူးလို႔ တ႐ုတ္အစိုးရေျပာခြင့္ရက ေျပာၾကားသြားပါတယ္။

ေဟာင္ေကာင္ဒီမိုကေရစီေရး လႈပ္႐ွားမႈေတြကို ဦးေဆာင္တဲ့ ထင္႐ွားတဲ့ ေခါင္းေဆာင္ Joshua Wong နဲ႔ Denise Ho တို႔က သူတုိ႔ရဲ႕ လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီေရး ႀကိဳးပမ္းမႈေတြကို ကူညီဖုိ႔ အေမရိကန္လႊတ္ေတာ္ အမတ္ေတြကို အဂၤါေန႔က ဝါ႐ွင္တန္ၿမိဳ႕ေတာ္မွာ ေတာင္းဆိုခဲ့ၾကတာပါ။ ေဟာင္ေကာင္မွာျဖစ္ေနတဲ့ အေျခအေနေတြမွာ တ႐ုတ္ရဲ႕အခန္းက႑ကို သံုးသပ္ဖုိ႔ တ႐ုတ္ႏိုင္ငံဆိုင္ရာ ေအာက္လႊတ္ေတာ္အမႈေဆာင္ ေကာ္မ႐ွင္ၾကားနာပြဲအတြင္း သူတုိ႔က ေတာင္းဆိုခဲ့ၾကပါတယ္။

ေဟာင္ေကာင္မွာ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကို တားဆီးႏိုင္ဖုိ႔ရည္႐ြယ္တဲ့ ဥပေဒၾကမ္းကို အေမရိကန္လႊတ္ေတာ္မွာ အတည္ျပဳေပးဖို႔လည္း သူတုိ႔က ထပ္မံတိုက္တြန္းခဲ့ပါတယ္။ Republicans ေတြေရာ Democrat အမတ္ေတြပါ ေထာက္ခံတဲ့ PROTECT Hong Kong Act ဆိုတဲ့ ဥပေဒၾကမ္းကို အေမရိကန္ေအာက္လႊတ္ေတာ္မွာ ၿပီးခဲ့တဲ့တပတ္က တင္သြင္းထားပါတယ္။ သီတင္းပတ္နဲ႔ခ်ီ ဆႏၵျပပြဲေတြ ျဖစ္ေနတဲ့ ေဟာင္ေကာင္မွာ တ႐ုတ္အမ်ဳိးသားေန႔အတြက္ ေအာက္တိုဘာ ၁ ရက္ေန႔မွာ ျပဳလုပ္ဖုိ႔ စီစဥ္ထားတ့ဲ မီးပန္းေဖါက္ပြဲကို ဖ်က္ခဲ့ပါတယ္။

.............

(Unicode)

ဟောင်ကောင်အရေး ပြည်ပစွက်ဖက်မှုမလုပ်ဖို့ တရုတ်သတိပေး
ဟောင်ကောင်အရေးနဲ့ပတ်သက်လို့ အမေရိကန်အပါအဝင် ပြည်ပနိုင်ငံတွေက ဝင်မစွက်ဖို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။ ဟောင်ကောင်ဟာ တရုတ်နိုင်ငံ လက်အောက်မှာရှိနေတာဖို့ ဟောင်ကောင်အရေးဟာ တရုတ်ပြည်တွင်းရေး သက်သက်သာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားပါတယ်။

ဒါကြောင့် အမေရိကန်နဲ့ တခြားနိုင်ငံတွေအနေနဲ့ တရုတ်ပြည်တွင်းရေးကို ဝင် မစွက်ပါနဲ့လို့ သူက တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံခြားက ထောက်ခံမှုကို တောင်းဆိုနေကြတဲ့ ဟောင်ကောင်က တရုတ်ဆန့်ကျင်လှုပ်ရှားသူတွေ အနေနဲ့လည်း သူတို့ရဲ့ကြိုးပမ်းချက် အောင်မြင်မှာ မဟုတ်ဘူးလို့ တရုတ်အစိုးရပြောခွင့်ရက ပြောကြားသွားပါတယ်။

ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဦးဆောင်တဲ့ ထင်ရှားတဲ့ ခေါင်းဆောင် Joshua Wong နဲ့ Denise Ho တို့က သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို ကူညီဖို့ အမေရိကန်လွှတ်တော် အမတ်တွေကို အင်္ဂါနေ့က ဝါရှင်တန်မြို့တော်မှာ တောင်းဆိုခဲ့ကြတာပါ။ ဟောင်ကောင်မှာဖြစ်နေတဲ့ အခြေအနေတွေမှာ တရုတ်ရဲ့အခန်းကဏ္ဍကို သုံးသပ်ဖို့ တရုတ်နိုင်ငံဆိုင်ရာ အောက်လွှတ်တော်အမှုဆောင် ကော်မရှင်ကြားနာပွဲအတွင်း သူတို့က တောင်းဆိုခဲ့ကြပါတယ်။

ဟောင်ကောင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးနိုင်ဖို့ရည်ရွယ်တဲ့ ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်မှာ အတည်ပြုပေးဖို့လည်း သူတို့က ထပ်မံတိုက်တွန်းခဲ့ပါတယ်။ Republicans တွေရော Democrat အမတ်တွေပါ ထောက်ခံတဲ့ PROTECT Hong Kong Act ဆိုတဲ့ ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့တပတ်က တင်သွင်းထားပါတယ်။ သီတင်းပတ်နဲ့ချီ ဆန္ဒပြပွဲတွေ ဖြစ်နေတဲ့ ဟောင်ကောင်မှာ တရုတ်အမျိုးသားနေ့အတွက် အောက်တိုဘာ ၁ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ မီးပန်းဖေါက်ပွဲကို ဖျက်ခဲ့ပါတယ်။

XS
SM
MD
LG