သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်သမ္မတရဲ့ လူမျိုးရေးခွဲခြားမှုမှတ်ချက် အောက်လွှတ်တော် ပြစ်တင်ရှုတ်ချ


အမေရိကန် အောက်လွှတ်တော်ထဲက လူနည်းစု အမျိုးသမီး လွှတ်တော် အမတ်တွေအပေါ် သမ္မတ Donald Trump က လူမျိုးရေး ခွဲခြားတဲ့ သဘောမျိုး မှတ်ချက်ပေး ပြောဆိုခဲ့တဲ့အပေါ် ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို မနေ့က အောက်လွှတ်တော်မှာ အတည်ပြုမဲခွဲရာမှာ ဒီမိုကရက် ကိုယ်စားလှယ်တွေ အားလုံးအပြင် ရီပတ်ဘလစ်ကန် ပါတီဝင် လေး ဦးပါ ပါဝင်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံသား ဖြစ်လာသူတွေနဲ့ အသားအရောင်ရှိသူတွေအပေါ် မုန်းတီးစိတ်တွေ၊ စိုးရိမ်ကြောက်လန့်စိတ်တွေ ပေါ်ပေါက်လာစေမယ့် သမ္မတ Trump ရဲ့ မှတ်ချက်အပေါ် အပြင်းအထန် ရှုတ်ချထားတဲ့ ဆုံးဖြတ်ချက်ကိုတော့ ထောက်ခံမဲ ၂၄၀၊ ကန့်ကွက်မဲ ၁၈၇ နဲ့ မဲခွဲ အတည်ပြုလိုက်တာပါ။

သမ္မတရဲ့ လူမျိုးရေးခွဲခြားတဲ့ Twitter လူမှုကွန်ရက်က မှတ်ချက်တွေကို ရှုတ်ချရာမှာ လွှတ်တော် တရပ်လုံး ပါဝင်ကြဖို့လည်း အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က တိုက်တွန်းခဲ့ပါတယ်။

ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် Doug Collins ကတော့ အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ တိုက်တွန်းချက်ဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခဲ့တာပါ။ အောက်လွှတ်တော် ဥက္ကဋ္ဌရဲ့ မှတ်ချက်ကို မှတ်တမ်းကနေ ပယ်ဖျက်ဖို့ လူနည်းစု ရီပတ်ဘလစ်ကန်တွေရဲ့ တောင်းဆိုချက်ကိုတော့ အောက်လွှတ်တော် တရပ်လုံးက ပယ်ချခဲ့ပါတယ်။

သမ္မတ Trump ရဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ် အများစုကတော့ ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြတာပါ။ သမ္မတ Trump ကတော့ တနင်္ဂနွေနေ့က Twitter လူမှုကွန်ရက်ကနေ မှတ်ချက်ပေး ဝေဖန်ခဲ့တဲ့အပေါ် အလျှော့မပေးခဲ့ပါဘူး။

အောက်လွှတ်တော်မှာ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ ပေးခဲ့ကြတဲ့ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်တွေကိုလည်း သမ္မတက မနေ့နှောင်းပိုင်းမှာပဲ Twitter ကနေ ချီးကျူးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG